မီတာခ တစ်ဘီလျံကျော်ကျလို့ တုန်လှုပ်ခဲ့တဲ့အိန္ဒိယလင်မယား

67482528_2499762450054660_3831172654086225920_n.jpg

အိန္ဒိယနိုင်ငံကလင်မယားနှစ်ဦးဟာ မီတာခ ရူပီးငွေ တစ်ဘီလျံကျော်တောင်းခံတဲ့ပြေစာရောက်လာလို့ တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။ ဥတ္တာပရာဒက်ရှ်ပြည်နယ်၊ ဟာပူရ်ခရိုင်မှာ နေထိုင်တဲ့ သက်ကြီးရွယ်အို လင်မယားဟာ အရင်လတွေတုန်းက မီတာခ ရူပီး ၇၀၀၊ ၈၀၀ လောက်ပဲဆောင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးလမီတာခပြေစာမှာ ရူပီးငွေ (၁၂၈၄၅၉၅၄၄) ကျသင့်တယ်လို့ရေးထားပြီး သုံးစွဲယူနစ် (၂) ကီလိုဝပ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စအတွက် မီတာရုံးကိုသွားပြောပေမဲ့ အရာရှိတွေက သူတို့ပြောစကားကိုလက်မခံခဲ့ဘူးလို့ ခင်ပွန်းဖြစ်သူ ရှာမင်းက ပြောပါတယ်။ ဒါပေမဲ့ မီတာခမဆောင်မချင်း လျှပ်စစ်မီးသုံးစွဲခွင့် မရဘူးလို့ သူတို့ကိုပြောခဲ့ပါတယ်။ လက်ခ်နောင်းမြို့စွမ်းအင်ရုံးအရာရှိတွေကတော့ ဒီဖြစ်ရပ်က နည်းပညာပိုင်းဆိုင်ရာမှားယွင်းမှုဖြစ်မယ်လို့ ဖြေရှင်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top