ဦးနှောက်က လူတစ်ယောက်အသက်ရှင်ဖို့ မရှိမဖြစ်အရေးပါလား

69467760_2419995074924900_3367034973134520320_n.jpg

Human Brainလို့ ခေါ်တဲ့ လူတွေရဲ့ဦးနှောက်က လူတစ်ဦးအသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းလို့ စာဖတ်ပရိသတ်တွေ ထင်ပါသလား။

အဲဒီနဲ့ ပတ်သက်ပြီး အတိအကျပြောရရင် လူတစ်ယောက်ဟာ သူ့ရဲ့ ဦးနှောက်အစိတ်အပိုင်းတချို့ပျက်စီးသွားတဲ့တိုင် အသက်ရှင်နေနိုင်တာမျိုးရှိပါတယ်။ ဦးနှောက်ရဲ့ တချို့အစိတ်အပိုင်းတွေကသာ အသက်ရှင်ရန်မရှိမဖြစ်လိုအပ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ပုံက စဉ်းစားတွေးခေါ်မှု၊ မိမိရဲ့အသိစိတ်နဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်တဲ့အရာတွေကို လုပ်ဆောင်တဲ့ Cerebral cortex နေရာက အသက်ရှင်ရန်မလိုအပ်ပါဘူး။ ဥပမာပြရရင် မာလာလာ နှင့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဂါဘရီရယ် ဂစ်ဖော့စ် (Gabrielle Giffords) တို့ဆိုရင် ဦးခေါင်းကိုသေနတ်ပစ်ခံရပြီး အဲဒီနေရာကိုထိခိုက်ခဲ့ပေမယ့် အသက်မသေဆုံးခဲ့ဘူးဖြစ်ပါတယ်။

ပုံအညွန်းမှာပြထားတဲ့ စဉ်းစားတွေးခေါ်မှု၊ မိမိရဲ့အသိစိတ်နဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်တဲ့အရာတွေကို လုပ်ဆောင်တဲ့ Cerebral cortex နေရာဖြစ်ပြီး Brain Stem ကတော့ အသက်ရှုတာ၊ နှလုံးခုန်တာစတဲ့ အသက်ရှင်ဖို့ လုပ်ဆောင်ထိန်းချုပ်ပေးတဲ့နေရာတွေရှိပါတယ်။

Brain Stem နဲ့ Medulla ဆိုတဲ့ ဦးနောက်ရဲ့ အနောက်ဘက် အောက်နားတွင်ရှိတဲ့ နေရာတွေက အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုပါတယ်။ အဲဒီနေရာပျတ်စီးရင်တော့ ချက်ချင်းဆိုသလို အသက်ရှုရပ်ပြီး သေဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်စစ်တပ်က လက်ဖြောင့်တပ်သားတွေကို ရန်သူရဲ့ခေါင်းကိုပစ်ရင် အဲဒီနေရာကိုချိန်ပစ်ဖို့ လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။

Cerebral cortex ပျတ်စီးသွားတဲ့ လူနာအချို့ကလည်း Permanent vegetative state လို့ခေါ်တဲ့ရောဂါနဲ့ အသိမရှိတော့ပေမယ့်လည်း အသက်ရှုတာ၊ အိပ်စက်နှိုးထတာ၊ မျက်လုံးဖွင့်တာတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကို ကြည့်မယ်ဆိုရင် အသက်ရှင်ဖို့ လိုအပ်တဲ့အရာက ဦးနှောက်တစ်ခုလုံးမဟုတ်ပါဘူး။ အသက်ရှုတာ၊ နှလုံးခုန်တာတွေအစရှိတဲ့ အသက်ရှင်ဖို့အတွက် အလုပ်တွေကို ထိန်းချုပ်ပေးတဲ့ နေရာ Vital centre တွေကသာ အဓိကဖြစ်ပါတယ်။

Ref: Curiosity and Brainvitalforlife
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top