လူတွေနဲ့စကားပြောတဲ့အခါ ခွေးလေးတွေက ဘာလို့ခေါင်းစောင်းတတ်ကြတာလဲ

62131453_416371192546743_2124479184687333376_n.jpg

ခွေးလေးတွေဟာ လူတွေရဲ့စကားပြောသံကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ကြတဲ့သတ္တဝါတွေဖြစ်ပြီး မျက်နှာအမူအယာနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုပါဖတ်တတ်ကြတဲ့ ကောင်လေးတွေဖြစ်ပါတယ်။ သူတို့ကိုချီးမွမ်းစကားဆိုတဲ့အခါမှာလည်း ပြောလိုက်တဲ့စကားကို နားလည်ဖို့ရာ သင့်ရဲ့အသံအတက်အကျနဲ့ အဓိကစကားလုံးတွေကိုသာ မှတ်သားတတ်ကြပါတယ်။ ပုံမှန်ဆိုရင်တော့ သူတို့ရဲ့ခေါင်းလေးတွေကို အရှေ့နည်းနည်းစောင်းပြီး သင်ပြောနေတာတွေကို နားထောင်တတ်ကြပါတယ်။

ခွေးလေးတွေ ဒီလိုခေါင်းစောင်းပြီးနားထောင်ရခြင်းက သူတို့ရဲ့နားရွက်ဖွဲ့စည်းပုံကြောင့်လို့ ကျွမ်းကျင်ပညာရှင်တစ်ချို့ကတော့ ဆိုပါတယ်။ တော်ရုံလူတွေမကြားနိုင်တဲ့အသံမျိုးကို ခွေးလေးတွေက အလွယ်တကူကြားနိုင်ပေမဲ့လို့ အဲဒီအသံဘယ်ကလာတယ်ဆိုတာကိုတော့ လူတွေလိုမျိုး တိတိကျကျမခန့်မှန်းနိုင်ကြပါဘူး။

နောက်ထပ် Psychology Today ကနေပြီးတော့လည်း ခွေးလေးတွေ ဒီလိုခေါင်းစောင်းနားထောင်ရခြင်းက သူတို့ရဲ့အမြင်အာရုံအားနည်းမှုကြောင့်လို့ ဆိုထားပါတယ်။ ခွေးလေးတွေရဲ့ နှုတ်သီး၊ အဓိကအနေနဲ့ သူတို့ရဲ့မျက်နှာအောက်ခြမ်းပိုင်းနှုတ်သီးနေရာဟာ လူတွေရဲ့မျက်နှာအနေအထားကိုဖတ်ဖို့ရာ ခက်ခဲအောင်ဟန့်တားထားပါတယ်။ ဒါကြောင့်မို့လို့ လူတွေနဲ့စကားပြောတဲ့အခါ သူတို့ခေါင်းကိုအနည်းငယ်စောင်းလိုက်ခြင်းဖြင့် ပြောသူရဲ့စိတ်ထဲဘယ်လိုခံစားနေရတယ်ဆိုတာကို လွယ်လွယ်ကူကူပိုဖတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

“ခွေးလေးတွေက လူတွေနဲ့စကားပြောတဲ့အခါ သူတို့ခေါင်းကိုစောင်းလိုက်မယ်ဆို ကျွန်တော်တို့မျက်နှာကို ပိုမြင်ရလွယ်ကူသွားပြီး အမြင်အာရုံကို ဟန့်တားနေတဲ့ နှုတ်သီးရဲ့ဒုက္ခကနေလည်း လွတ်ပြီးသားဖြစ်သွားပါတယ်” လို့ Psychology Today ကဆိုပါတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ခေါင်းစောင်းပြီး စကားနားထောင်တတ်တဲ့ခွေးလေးတွေက ခေါင်းမစောင်းတတ်တဲ့ခွေးလေးတွေထက် ပိုပြီးမျှဝေခံစားမှု အားကောင်းကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နှာခေါင်းချွန်တဲ့ကောင်တွေနဲ့ ခေါင်းပြားတဲ့ကောင်တွေကတော့ ခေါင်းစောင်းပြီးစကားနားမထောင်တတ်ကြဘူးလို့ သိရပါတယ်။

Ref : Elitereaders “Why Do Most Dogs Tilt Their Heads When We Talk to Them?”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top