ဘီယာသောက်ရင် ရနိုင်မယ့် ကျန်းမာရေးကောင်းကျိုး

craft-beer-feat.jpg

ဘီယာကြိုက်တဲ့ ရိုးရာလေးရဲ့ ပရိသတ်တွေရှိပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် အကြောင်းအရာ ကို အဆုံးထိ ဖတ်ဖို့လိုပါလိမ့်မယ်။

ကောင်းကျိုးတွေရှိတယ်လို့ ဖော်ပြထားတဲ့ ဒီစစ်တမ်းဟာဆိုရင် လူရှစ်သောင်းကို သုတေသနလုပ်ခဲ့တာဖြစ်ပြီး ရလဒ်တွေအရ ဘီယာသောက်တာဟာ ကျန်းမာရေးကို အထောက်အကူပေးတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

(၁) ကျောက်ကပ် ကျောက်တည်နှုန်းကို လျော့ကျစေပါတယ်

သုတေသနမှာပါဝင်တဲ့ ဆရာဝန်တွေအဆိုအရ နေ့စဉ် ဘီယာတစ်လုံးစီ ပုံမှန်သောက်တဲ့ လူလတ်ပိုင်းအရွယ် လူပေါင်း ၂၇၀၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပြီး ကျောက်ကပ်ကျောက်တည်နှုန်းကို ၄၀ ရာခိုင်နှုန်းထိ လျော့ချပေးတာကို တွေ့ရပါတယ်။

(၂) Heart attack ဖြစ်တာကို ကာကွယ်ပေးတယ်

ဘီယာသောက်တာက လူကို ဝစေနိုင်တယ်။ ကိုလက်စရောများတယ်လို့ ပြောကြတာတွေရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်မှာတော့ ဘီယာက Heart attack ဖြစ်ပွားနှုန်းကို နှစ်ဆ လျော့ချပေးတယ်လို့ ဆိုပါတယ်။

(၃) လေဖြတ်တာကို ကာကွယ်ပေးတယ်

ဟားဗတ် ဆေးကျောင်းနဲ American Stroke Association တို့ဟာ ပူးပေါင်းပြီး ဘီယာမသောက်တဲ့သူတွေနဲ့ သောက်တဲ့သူတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ လေဖြတ်တာကို လျော့ချပေးတယ်ဆိုတာလည်း တွေ့ရပါတယ်တဲ့။

(၄) အရိုးတွေကို သန်မာစေတယ်။

နွားနို့သောက်မှ အရိုးတွေ သန်မာစေတဲ့ ခေတ်မဟုတ်တော့ဘူး။ ဘီယာသောက်ပြီး အရိုးတွေကို သန်မာစေနိုင်ပါပြီ။ တစ်နေ့ကို ဘီယာ နှစ်ခွက်သောက်တဲ့သူတွေဟာ အရိုးရောဂါတွေ၊ အရိုးကျိုးတာတွေ ဖြစ်နိုင်ချေ လျော့နည်းပါတယ်။

(၅) ဆီးချိုရောဂါကို မဖြစ်အောင် ကာကွယ်တယ်

ဟားဗတ်ရဲ့ သုတေသနအဖွဲ့က တွေ့တာကတော့ ဘီယာသောက်တာဟာ  ဆီးချိုရောဂါကိုတောင် ကာကွယ်ပေးတယ်တဲ့။ ဘီယာမှာ အမျှင်ဓာတ်ကြွယ်ဝတယ်။ သွေးထဲက သကြားပမာဏကို ထိန်းပေးတယ်။

(၆) ကင်ဆာနဲ့ အယ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

အယ်လ်ဇိုင်မားဆိုတာကတော့ မှတ်ဥာဏ်တွေတဖြည်းဖြည်း ပျောက်ဆုံးကုန်တဲ့ ရောဂါပါ။ ကင်ဆာကတော့ ခုချိန်ထိတော့ အပျောက်ကုသနိုင်မယ့် ဆေးမရှိသေးပါဘူး။ သင့်တော်တဲ့ ပမာဏရှိတဲ့ ဘီယာကို သောက်သုံးရင်တော့ ဒီရောဂါတွေဖြစ်နှုန်းကို လျော့ကျစေမှာပါ။

ဘီယာသောက်လို့ ရမယ့် ကျန်းမာရေးကောင်းကျိုးတွေကိုဖတ်ပြီး ဘီယာကြိုက်တဲ့သူတွေ နှစ်ခြိုက်ကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံသောက်ရင်တော့ ဒီကောင်းကျိုးတွေရမယ့်အစား ရောဂါဖြစ်စေတဲ့ ဆိုးကျိုးတွေ ရမယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။

Ref; The Telegraph: The surprising health benefits of drinking beer

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top