အင်ဒိုနီးရှားအထိ လာပြီး အိမ်အကူအမျိုးသမီးကြီးရဲ့ မင်္ဂလာပွဲကို ချီးမြှင့်ခဲ့တဲ့ ဆော်ဒီအမျိုးသား

15.5.24-yyl-26.jpg

ဆော်ဒီအမျိုးသား တစ်ဦးဟာ ငယ်စဉ်ကတည်းက သူ့ကို ထိန်းပေးခဲ့တဲ့ အိမ်အကူ အမျိုးသမီးကြီးရဲ့ မင်္ဂလာပွဲအတွက် အင်ဒိုနီးရှားနိုင်ငံအထိ လာရောက်ခဲ့ပြီး လက်ဆောင်နဲ့ လက်ဖွဲ့တွေ ပေးအပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားအမျိုးသမီး မီရီဟာ အယ်လ်အက်တီယက် ၂ နှစ်သားအရွယ်ကတည်းက သူတို့အိမ်မှာ အိမ်အကူ လုပ်ခဲ့တာပါ။ အယ်လ်အက်တီယက်ရဲ့အမေက လေးဖက်နာရောဂါရှိလို့ အိမ်မှုကိစ္စတွေအားလုံးကို မီရီပဲ လုပ်ပေးရပြီး အယ်လ်အက်တီယက်ကိုလည်း ထိန်းပေးရပါတယ်။

မီရီဟာ အိမ်အကူဆိုတာထက် အယ်လ်အက်တီယက်တို့ရဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်နေပြီး တစ်အိမ်လုံးကလည်း သူ့ကို အလွန်ခင်ကြပါတယ်။ မီရီရဲ့ ကျေးဇူးတွေ သူတို့မိသားစုအပေါ် ရှိတယ်လို့လည်း အယ်လ်အက်တီယက်က ခံယူထားတာပါ။ ဒါကြောင့် မီရီရဲ့ မင်္ဂလာပွဲကို အယ်လ်အက်တီယက်က တကူးတကလာပြီး မီရီနဲ့အတူ ခန်းမလျှောက်လမ်းမှာတွဲပြီး လမ်းလျှောက်ခဲ့ပါတယ်။

အယ်လ်အက်တီယက်က မီရီအတွက် လက်ဝတ်ရတနာတွေ လက်ဆောင်ပေးခဲ့ပြီး ဆော်ဒီနိုင်ငံသုံး ရီယယ်ငွေ ၁၀၀၀၀ ( မြန်မာငွေ ၁၀၆ သိန်းဝန်းကျင်)ကို လက်ဖွဲ့ပေးခဲ့ပါတယ်။ မီရီကလည်း သူ့မင်္ဂလာပွဲကို အယ်လ်အက်တီယက် လာရောက်ချီးမြှင့်ခဲ့တဲ့အပေါ် အလွန်ဝမ်းမြောက်ပျော်ရွှင်နေပြီး အယ်လ်အက်တီယက်ရဲ့အိမ်မှာ အလုပ်ပြန်လုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

Ref:Saudi flies to Indonesia, gifts SR10,000, and walks maid down the aisle at her wedding

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top