ငယ်သူငယ်ချင်း နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ Ed Sheeran

ed.jpg

Ed Sheeran နာမည်ကြားတာနဲ့ကိုယ့်ရဲ့ပါးစပ်ဖျားမှာ “Shape of You” သီချင်းကအလိုလိုရောက်လာတယ်။ Ed Sheeran ရဲ့သီချင်းတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် သူနဲ့ပတ်သက်တဲ့ သတင်းကောင်းလေးတစ်ခုပြောပြပေးမယ်နော်။

Ed Sheeran က ချစ်သူသက်တမ်းအကြာကြီး လက်တွဲ ခဲ့တဲ့ Cherry Seaborn နှင့် စေ့စပ်လိုက်ပါပြီ။ ဒီသတင်းကို သူ့ရဲ့ Instagram page ကနေတင်လိုက်ချိန်မှာ သူ့ရဲ့ပရိသတ်တွေကစိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ခရစ်စမတ် အားလပ်ရက်အတွင်း လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကို ဇနီးလောင်းဖြစ်လာမယ့် သူမနှင့် စတင်ခဲ့တာပါလို့ သွယ်ဝိုက်တဲ့စာသားလေးရေးတင်ထားတာတွေ့ရပါတယ်။

“NewYear မတိုင်ခင် ကျွန်တော် ပိုင်ရှင်ရှိသွားပါပြီ။ ကျွန်တော်တို့ နှစ်ယောက်လုံးအရမ်းလည်းပျော်သလိုအရမ်းလည်းချစ်နေကြပါတယ်။”ဆိုပြီး Instagramမှာ ရေးတင်ထားတာပါ။ ဒီစာသားလေးနဲ့အတူ Edsherran က သူ့ရဲ့ချစ်သူကို အနမ်းပေးနေတဲ့ ကြည်နူးဖွယ်ပုံလေးကိုလည်းတွဲတင်ထားပါတယ်။Instagram မှာ တင်လိုက်တဲ့ ပထမဆုံးနေ့မှာပဲ like အရေအတွက် ၅ သန်းနီးပါးရှိခဲ့ပါတယ်။

Ed Sheeran နှင့် Cherry တို့က အထက်တန်းကျောင်းမှာတည်းက ရင်းနှီးခဲ့ကြတာပါ။ သူတို့နှစ်ယောက် စလုံး အင်္ဂလန်နိုင်ငံ ၊ Suffolk မှာ ရှိတဲ့ Thomas Mills အထက်တန်းကျောင်းကိုတက်ရောက်ခဲ့တာဖြစ်ပြီး အဲ့အချိန်တည်းက Ed Sheeran က Cherry ကိုကြိတ်ကြွေ ခဲ့တာပါ။ဒါပေမယ့် Cherry က တက္ကသိုလ်တက် ဖို့ ကယ်လီဖိုးနီးယားမြောက်ပိုင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် သူတို့နှစ်ယောက်ဝေးကွာခဲ့ပါတယ်။ နှစ်တွေကုန်လွန်သွားချိန်မှာ Ed Sheeran က အောင်မြင်တဲ့ ငွေကြယ်ပွင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျော်ကြားမှုနဲ့အတူရောပါလာတဲ့ဖိအားတွေအောက်ကခဏတာရုန်းထွက်ဖို့၂၀၁၅မှာသူဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့နဂိုမူလဘဝကို ပြန်လည်ရှာဖွေရင်း Cherry နေထိုင်တဲ့ နေရာသစ်ဆီ သွားရောက်ခဲ့ပြီးနှစ်ယောက်သား ပြန်လည်ပေါင်းစည်းသွားခဲ့ပါတယ်။ နှစ်ဦးကြားမှာ သံယောဇဉ်ကြိုးက နှစ်တွေကြာတာတောင် ခိုင်မြဲနေတဲ့အတွက်သူတို့လက်တွဲခဲ့ပါတယ်။

၂၀၁၇ က Australian ရေဒီယိုစကားဝိုင်းတစ်ခုမှာ Cherry နှင့်သာ မိသားစုဘဝလေးတည်ဆောက်ခွင့်ရရင် အရမ်းပျော်မှာပါ လို့ Ed Sheeran က ပြောကြားခဲ့ပါတယ်။ Ed Sheeran က လာမည့် ဖေဖော်ဝါရီ ၁၇ မှာ အသက် ၂၇ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ Ed Sheeran က ဇနီးလောင်းထက် အသက် ၁ နှစ်ပိုကြီးပါတယ်။

Ref: Fabiosa: We Are Very Happy And In Love’: Ed Sheeran Announces Engagement To Childhood Friend Cherry Seaborn
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top