အချစ်စစ်နှင့်တွေ့တဲ့အခါ အမျိုးသားတွေပြသတဲ့အမူအရာ (၈) မျိုး

yyl-knowledge-05.png

ချစ်ခြင်းမေတ္တာကို ပြသတဲ့နေရာမှာ ယောကျ်ားနှင့် မိန်းမ မတူပါဘူး။ ဘာလို့လဲဆိုတော့တွေးခေါ်ပုံချင်းကွာလို့ပါ။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်ကြောင်းပြသတဲ့ အမူအရာတွေရှိပါတယ်။ ဘာတွေလဲကြည့်ရအောင်..။

၁။ သင်ပြောတာကို ဂရုတစိုက်နားထောင်ပေးတယ်
များသောအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် နားထောင်စွမ်းရည်ပိုသာပါတယ်။ အရိုးသားဆုံးပြောရရင် တချို့အမျိုးသားတွေက နားထောင်စွမ်းရည်တော်တော်ညံံ့တယ်ဗျ။
အမျိုးသားတွေကသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကိုသာဂရုတစိုက်နားထောင်ကြတာပါ။ ဒါကြောင့် အမျိုးသားတစ်ယောက်က သင်ပြောတာကိုနားထောင်ပေးပြီး စိတ်ဝင်တစားရှိတဲ့အပြင် လေးလေးနက်နက်ပြန်ပြောတယ်ဆိုရင် သင်ဟာ သူချစ်ရတဲ့သူလို့သာ သဘောပေါက်လိုက်ပါ။

၂။ စွန့်လွှတ်အနစ်နာခံဖို့ဝန်မလေးဘူး
ချစ်ရသူတွေအတွက် ကိုယ်ကျိုးစွန့်ရမယ်ဆိုတာခက်ခဲတဲ့ အလုပ်တော့မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ သူချစ်ရတဲ့ မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေရင် နေမထိထိုင်မသာဖြစ်ရတာက အမျိုးသားတွေပါ။ မင်းရဲ့ပျော်ရွှင်မှုအတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့တယ် ဆိုတာက မင်းအတွက် သူ့ရဲ့အချစ်ကိုပြသတာပါ။

၃။ သူ့ရဲ့အားနည်းချက်ကိုပြသတယ်
အမျိုးသားတွေက သူတို့ရဲ့အားနည်းချက်ကို အခြားတစ်ယောက်ကရိပ်မိမှာ အရမ်းစိုးပါတယ်။ဒါပေမယ့် ချစ်မိသွားတဲ့အခါကျတော့ဒီအချက်ကို ဂရုမစိုက်တော့ပါဘူး။ ချစ်ရတဲ့သူကကိုယ့်ရဲ့ အားနည်ချက်ကိုသိထားစေချင်တာက အမျိုးသားတွေ ချစ်သူအပေါ်ထားတဲ့ စိတ်ဆန္ဒပါ။

၄။ သင့်ကြည့်ရဆိုးနေတဲ့နေ့တွေမှာတောင် သင့်ကိုချစ်ပါတယ်
မိန်းကလေးဆိုတာ အမြဲလှအောင်ကြိုးစားရတယ်လေ။ လှပြီးကြည့်ကောင်းနေရင် ဖူးစာရှင်နဲ့ဆုံနိုင်မယ်ဆိုတာကသူတို့ရဲ့ အိပ်မက်ပါ။ဒါပေမယ့် အမျိုးသားတွေကျတော့ တကယ်ချစ်တဲ့အခါ သူတို့ချစ်သူက ညဝတ်အင်္ကျီ နှင့်ပဲထွက်လာလာ ၊ အရောင်စွန်းတဲ့ အင်္ကျီပဲဝတ်လာလာအရေးကိုမစိုက်တော့တာပါ။ဘယ်လိုအခြေအနေပဲရှိရှိ ချစ်သူကအမြဲလှနေတယ်လို့ထင်တာက ကျွန်တော်တို့အမျိုးသားတွေပါ။

၅။ သင့်ကိုချစ်သူတော်ရတာကို ဂုဏ်ယူနေမယ်
ချစ်နေတဲ့အခါ သူချစ်တဲ့မိန်းကလေးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောရဲတဲ့သူက တကယ့် ယောက်ျားကောင်းပါ။ သင်ကမိခင်ကောင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲက အတော်ဆုံးဝန်ထမ်းကောင်းပဲဖြစ်ဖြစ် သင့်ရဲ့ကြိုးစားမှုကို အမြဲ အသိအမှတ်ပြုပေးမယ့်သူက သင့်ကိုချစ်တဲ့ အမျိုးသားပါ။

၆။ သင့်အတွက်ရင်ဆိုင်မယ်
တကယ်ချစ်လာပြီဆိုရင် အမျိုးသားတွေက သူတို့ချစ်ရသူအတွက် အရာရာရင်ဆိုင်ဖို့ဝန်မလေးပါဘူး။ဒါကြောင့် လည်း အိမ်ထောင် ကျတဲ့အခါ ခင်ပွန်းဝတ္တရားကျေပွန်စွာထမ်းဆောင်ပြီး မိသားစုကို ဖြည့်ဆည်းပေးတာပါ။

၇။ သင်နှင့် အတူရင်ဆိုင်မယ်
အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို တကယ်စိတ်နှစ်ပြီးချစ်တာဆိုရင် သူချစ်ရတဲ့ သူကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံပါဘူး။ သူတို့ရဲ့အချစ်နှင့် အရာရာကို ရင်ဆိုင်ကျော်လွှားဖို့ဝန်မလေးတတ်တာ အမျိုးသားတွေပါ။

၈။ သင့်မိသားစုနှင့် သူငယ်ချင်းတွေကို တလေးတစားဆက်ဆံမယ်
သူတို့ချစ်သူအတွက် အရေးပါတဲ့ သူက သူတို့အတွက်လည်းအရေးပါတယ်ဆိုတာက အမျိုးသားတွေရဲ့ခံယူချက်ပါ။သူတို့နဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ သူဖြစ်ပါစေ သူတို့ချစ်သူ ချစ်ရင် သူတို့လည်းလိုက်ချစ်ပေးတာကိုက တကယ်ချစ်တဲ့ အမျိုးသားပြုမူမယ့် လုပ်ရပ်ပါ။

Ref: 8 Behaviors Men Show When They’re With Their True Love
May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top