ရိုက်ကူးရေးပြန်စနေပြီဖြစ်တဲ့ Fantastic Beasts တတိယမြောက်ဇာတ်ကား

22-9-2020-yyl-012.jpg

ကိုဗစ်ကပ်ရောဂါကြောင့် ဇာတ်လမ်းတွဲ၊ ဇာတ်ကားရိုက်ကူးမှု တော်တော်များများ နားထားကြရပါတယ်။ အခုတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေကြပါပြီ။ Fantastic Beasts တတိယမြောက်ဇာတ်ကားရိုက်ကူးမှုကိုလည်း ပြန်စနေပြီဖြစ်တယ်လို့ ဇာတ်ကားရဲ့အဓိကဇာတ်ဆောင် အက်ဒီ ရက်မိန်း (Eddie Redmayne) က အတည်ပြုပြောကြားခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်လောကအကြောင်း ရိုက်ကူးထားတဲ့ Fantastic Beasts ရဲ့နောက်ဆက်တွဲအတွက် ရိုက်ကူးရေးကို အရင်ကတော့ ဆောင်းဦးရာသီမှာ ရိုက်ကူးဖို့စီစဉ်ခဲ့ပေမဲ့ ဒုတိယမြောက်ဇာတ်ကားထက် ဇာတ်အိမ်က ပိုကျယ်ပြန့်မှာဖြစ်တာကြောင့် နောက်ဆက်တွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အချိန်လိုအပ်ပြီး အလျင်စလို မရိုက်ကူးချင်တာကြောင့် နားထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုဗစ်ရောဂါကြောင့် ထပ်ပြီး ရိုက်ကူးရေးကို ရပ်နားထားခဲ့ရပါတယ်။ အခုတော့ ရိုက်ကူးရေးပြန်စနေတဲ့အတွက် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက အတူတူ လန်ဒန်ကို လာခဲ့ပြီး ဇာတ်ဝင်ခန်းတော်တော်များများကို စတင်ရိုက်ကူးနေခဲ့တယ်လို့ အက်ဒီ ရက်မိန်းက ပြောပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေက ဗိုင်းရပ်စ်ရောဂါပိုးကို မကြာခဏစစ်ဆေးဖြစ်တဲ့အပြင် ရိုက်ကူးရေးလုပ်နေချိန်မှာလည်း Mask တပ်ရတဲ့အတွက် သူတို့ရဲ့ထီထွင်ဖန်တီးမှုတွေပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိမှာဆိုးနေပေမယ့် လူတိုင်း ကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့အောင် စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ “အခု ကျွန်တော်တို့ ရိုက်ကူးရေးစတင်နေတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ နှစ်ပတ်ရှိပြီးပေါ့နော်။ Process တစ်ခုလုံးက အသစ်သစ်တွေပါပဲ။ ခါတိုင်းရိုက်ကူးနေကျလိုမဟုတ်ပါဘူး။ ရောဂါကို မကြာခဏ စမ်းသပ်ရတယ်။ Mask တပ်ရတယ်။ အဲဒါက အတော်လေးတော့ စိတ်မသက်သာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အရင်ကထက် လုံးဝကွဲထွက်နေပါတယ်။ ဒါပေမဲ့ လူတိုင်းက အလုပ်ကောင်းကောင်းလုပ်နေပါတယ်”လို့ အက်ဒီက ပြောပါတယ်။

တတိယမြောက်ဇာတ်ကားရဲ့ဇာတ်အိမ်ကတော့ Grindewald (ဂျွန်နီဒက်ပ်) နဲ့ Dumbledore (ဂျုဒ့် လေ) တို့ကြားက ရှုပ်ထွေးလှတဲ့ဆက်ဆံရေးအကြောင်းကို အခြေတည်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကတော့ စာရေးဆရာ ဂျေ ကေ ရိုးလင်က Fantastic Beasts 3 အတွက် ဇာတ်ညွှန်းကို ချရေးနေပြီလို့ ပြောခဲ့ပါတယ်။ ပထမဆုံးဇာတ်ကား Fantastic Beasts and Where to Find Them came out က ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒုတိယမြောက်ဇာတ်ကား Fantastic Beasts: The Crimes of Grindelwald ကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အခု Fantastic Beasts 3 ကိုတော့ နောက်နှစ်ထဲ ထွက်ရှိဖို့တော့ မျှော်လင့်ရပါတယ်။

Ref: AsiaOne “Filming resumes on third Fantastic Beasts movie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top