သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် Samsung Electronics ပစ္စည်းတွေမှာ ထုပ်ပိုးမှုပုံစံအသစ်နဲ့ လှုပ်ရှားမှုမြှင့်တင်

sam.jpg

United Nations ရဲ့ ဖော်ပြချက်အရ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ် တန်ချိန် (၈) သန်း ပမာဏခန့်သည် သမုဒ္ဒရာတွေအတွင်း ရောက်ရှိနေကြောင်း သိရှိရသည်။ ပိုမိုအံ့သြဖွယ်ရာကောင်းသော အချက်အနေဖြင့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တန်ချိန် (၈.၃) ဘီလီယမ်ခန့်ရှိ ပလတ်စတစ်တွေကို ထုတ်လုပ်ခဲ့ပြီး အဲဒီပမာဏရဲ့ (၁) ရာခိုင်နှုန်းခန့်သာ ပြန်လည် အသုံး ပြုနိုင်တဲ့ ကုန်ကြမ်းတွေအပေါ်အခြေခံထုတ်လုပ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

အခုလိုသဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးဆက်လက်ဖြစ်ပေါ်နေခြင်း အခြေအနေကို ကူညီဖြေရှင်းနိုင်ရန် အတွက် Samsung Electronics မှ ၂၀၁၉ ခုနှစ်အတွင်း ၎င်းရဲ့စွမ်းဆောင်ချက်များမှ သဘာဝပတ်ဝန်းကျင်အတွက် ပိုမို သင့်တော်ကောင်းမွန်တဲ့ ကုန်ပစ္စည်းထုတ်ပိုးမှုပုံစံအသစ်တွေကို မြင်တွေ့ရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားမှုတွေကို မြှင့်တင်ပြုလုပ် သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Samsung အနေဖြင့် ၂၀၁၈ ခုနှစ်မှစပြီး ၎င်းရဲ့ Notebook Computer တွေအတွက် သဘာဝပတ်ဝန်းထိန်းသိမ်းမှုနှင့် ကိုက်ညီတဲ့ကုန်ပစ္စည်း ထုတ်ပိုးမှုကိုပုံစံကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီမှတစ်ဆင့် အဆိုပါ ထုတ်ပိုးမှုပုံစံတွေကို ၎င်းရဲ့မိုဘိုင်း ဖုန်းတွေ၊ ဝတ်ဆင်အသုံး ပြုရသောပစ္စည်းတွေ၊ တီဗီ ၊ ရေခဲသေတ္တာနဲ့ အခြားသော အိမ်သုံးပစ္စည်းထုတ်ကုန်တွေအတွက်ပါ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရန် နည်းလမ်းရှာဖွေခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ပလတ်စတစ်တွေအသုံးပြုထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းထုတ်ပိုးမှုတွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်အိပ်တွေ၊ ကတ်ထူစက္ကူတွေ၊ သတင်းစာစက္ကူတွေ၊ ဇီဝအခြေခံပစ္စည်းတွေနဲ့ ကြံဖက် စတဲ့ အသီး အရွက်တွေမှ စွန့်ပစ်ပစ္စည်းတွေနဲ့ ပုံသွင်းထုတ်လုပ်ထားတဲ့ ထုတ်ပိုးမှုပုံစံနည်းပညာအသစ်ဖြင့် အစားထိုးသုံးစွဲရန် နည်းလမ်းရှာဖွေခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Samsung က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ရာနှုန်းပြည့်ပါဝင် လှုပ်ရှားမှုအနေနဲ့ ၂၀၂၀ ပြည့်နှစ်တွင် ၎င်းရဲ့ ကုန်ပစ္စည်းထုတ်ပိုးမှုနဲ့ အခြားသောစက္ကူအသုံးပြုမှုတွေ အတွက် Sustainable Forest Management (SFM) ရဲ့ အသိအမှတ်ပြုတဲ့ စက္ကူတွေသာ အသုံးပြုရန်အတွက် သဘာတူ လက်ခံခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းဖုန်းတွေ၊ Tablet တွေနဲ့ ဝတ်ဆင်အသုံးပြုရသော ပစ္စည်းတွေအတွက် အသုံးပြုတဲ့ပလတ်စတစ်တွေအစား စက္ကူတွေနဲ့ အစားထိုးသွားရန်၊ ကြိုးနှင့် နားကြပ်တွေကို ပလတ်စတစ် ထုတ်ပိုးမှုအစား စက္ကူ သို့မဟုတ် ပြန်လည်အသုံးပြုနိုင်သော Bio ပလတ်စတစ်တွေဖြင့် အစားထိုးထုတ်လုပ်ရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် စက္ကူဗုံးနှင့် အခြားစက္ကူအသုံးပြုမှုတွေအတွက် သတ်မှတ်ထားတဲ့ Fiber ကုန်ကြမ်းတွေသာ အသုံးပြုမည်ဟု ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ်တွင် ကိုရီးယားဈေးကွက်အတွင်း တီဗီနဲ့ တီဗီအပိုပစ္စည်းတွေ၊ ရေခဲသေတ္တာ၊ Oven၊ အဝတ် လျှော် စက်၊ လေအေးပေးစက်နှင့် ဖုန်စုတ်စက်တွေထုတ်ပိုးရာမှာ ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် အသုံးပြုတဲ့ ပလတ်စတစ် အိတ်တွေကို အခြားဇီဝကုန်ကြမ်းတွေနဲ့ ပြောင်းလဲထုတ်လုပ်သွားရန်၊ ၂၀၂၀ ပြည့်နှစ်အတွင်း စက္ကူဗုံးနှင့် အခြား စက္ကူ အသုံးပြုမှုတွေအတွက် သတ်မှတ်ထားတဲ့Fiber ကုန်ကြမ်းတွေသာ အသုံးပြုရန်နှင့် Q series Flagship TV တွေ ထုတ်ပိုးရာမှာ ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် ထည့်သွင်းအသုံးပြုသော ပလတ်စတစ်အိပ်များကို အခြားဇီဝကုန်ကြမ်း တွေနဲ့ ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါပစ္စည်းတွေအတွက် အသုံးပြုတဲ့စက္ကူဗုံးတွေနဲ့ အခြားစက္ကူသုံးစွဲမှုတွေအတွက် သတ်မှတ်ထားတဲ့ Fiber ကုန်ကြမ်းတွေသာအသုံးပြုရန်နဲ့ ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး နိုင်ငံတကာဈေးကွက်တွေ အဆင့် အထိ လုပ်ဆောင်သွားရန်ရှိကြောင်းသိရပါတယ်။

Samsung Electronics မှ ၂၀၀၉ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ပလတ်စတစ်အသုံးပြုမှုကို တန်ချိန် (၅) သိန်းအထိ လျှော့ချ အသုံးပြုရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်းတို့အနေနဲ့ အသုံးပြုတဲ့ စက္ကူဗုံးတွေနဲ့ အခြားသော စက္ကူအသုံးပြု မှုတွေအတွက် သက်မှတ်ထားတဲ့ ကုန်ကြမ်းတွေသာအသုံးပြုသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top