မနက်တိုင်း အသီးဖျော်ရည်သောက်သုံးသော ကလေးများ အဝလွန်ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား

orange-blackcurrant-and-strawberry-juice-T8XQRAF.jpg

ဗီအန်နာ (Vienna) ဆေးတက္ကသိုလ်ဟာ မနက်စာစားလေ့ရှိတဲ့ ကလေးငယ်ပေါင်း ၆၅ဝ ကို လေ့လာခဲ့ပါတယ်။ နံနက်ခင်းမှာ ရေသောက်တတ်တဲ့ ကလေးငယ်တွေဟာ အဝလွန် နိုင်ချေ ၄ဝရာခိုင်နှုန်း လျော့နည်းတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကလေးငယ်တွေဟာ အဝလွန်ခြင်း၊ ဝိတ်တက်ခြင်းတွေကို ဖြစ်စေနိုင်တဲ့အတွက် မိဘတွေဟာ ကလေးတွေကို မနက်တိုင်း အသီးဖျော်ရည် တစ်ခွက် တိုက်ခြင်းကို မပြုလုပ်သင့်ပါဘူး။

အသီးဖျော်ရည်တွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတစ်ခုအဖြစ် ရောင်းချလေ့ရှိကြပေမဲ့ အသီးဖျော်ရည်တွေမှာ သကြားဓာတ်နဲ့ ကယ်လိုရီဓာတ်တွေ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ဝိတ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသန ပညာရှင်တွေရဲ့ ပြောကြားချက်အရ ၃၅ဝ မီလီလီတာရှိတဲ့ ဖျော်ရည်တစ်ခွက်မှာ သကြား လက်ဖက်ရည်ဇွန်း ၉ဇွန်းခန့်အထိ ပါဝင်နိုင်ပြီး ရိုးရိုးသစ်သီး စားသုံးခြင်းလောက် အာဟာရဓာတ် မပြည့်ဝကြောင်း ဆိုပါတယ်။

ဗီအန်နာ ဆေးတက္ကသိုလ်က ဦးဆောင်ပြုလုပ်တဲ့ လေ့လာမှုမှာ နံနက်စာစားလေ့ရှိတဲ့ ကလေးငယ်ပေါင်း ၆၅ဝဦးကို ကြည့်ရှုပြီး သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ ၂၉ ရာခိုင်နှုန်းသော ကလေးငယ်တွေက အဝလွန်စာရင်းထဲ ရောက်ရှိနေပြီး ရေသောက်တတ်တဲ့ ကလေးငယ်တွေဟာ အဝလွန်နိုင်ချေ ၄ဝ ရာခိုင်နှုန်း လျော့နည်းတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဗီအန်နာရှိ ကမ္ဘာ့အကြီးဆုံး အဝလွန်ရောဂါ အစည်းအဝေးမှာ ဒေါက်တာ မာရီယာလူဂါ (Dr. Maria Luger) က နံနက်ပိုင်းမှာ ကလေးငယ်တွေ သကြားဓာတ် စားသုံးမှုကို လျှော့ချရန် မိဘတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အမျှင်ဓာတ်များစွာ ရရှိရန်လိုအပ်ပြီး အသီးဖျော်ရည် မသောက်သုံးဘဲ အဲဒီအစား ပန်းသီး သို့မဟုတ် လိမ္မော်သီးတစ်လုံး စားသုံးပေးသင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

အခုဆိုရင် အသက် ၁၁နှစ်အောက် ကလေးငယ် ငါးသိန်းနီးပါးဟာ အဝလွန်ရောဂါကို ခံစားနေကြရပါပြီ။ အဝလွန်ခြင်းကြောင့် ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာမှုနှုန်း ပိုမိုမြင့်မားနိုင်ကြောင်းကိုလည်း ကျွမ်းကျင်ပညာရှင်များက ပြောကြပါတယ်။

Ref: Daily Mail “Kids who drink orange juice in the morning ‘have a higher obesity risk’”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top