တစ်ပတ် (၃) ကြိမ် ရေကူး ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ

2-6-2020-yyl-051.jpg

ရေကူးတာကလည်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပါပဲ။ လူတော်တော်များများက လမ်းလျှောက်တာ၊ ပြေးတာတွေလောက်ပဲ လေ့ကျင့်ခန်းလုပ်ဖြစ်လောက်ပေမယ့် ရေကူးတာကိုတော့ လုပ်ဖြစ်တဲ့သူ နည်းမယ်ထင်ပါတယ်။ ရေကူးတာက ခန္ဓာကိုယ်တစ်ခုလုံးကို Workout လုပ်ပေးတဲ့အပြင် စိတ်ခံစားချက်ကောင်းစေတဲ့ endorphins ဟော်မုန်းဓာတ်တွေကို ထုတ်လွှင့်ပေးခြင်းဖြင့် စိတ်ဖီစီးနေတဲ့သူတွေကို ကူညီပေးပါတယ်။ ရေကူးတာက ဒီကောင်းကျိုးတွေတင်မကဘဲ အခြားကောင်းကျိုးတွေလည်း ရှိပါတယ်။ တစ်ပတ်ကို (၃) ကြိမ်လောက် ပုံမှန်ရေကူးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ် သိသာသာသာပြောင်းလဲလာတာကို တွေ့မြင်ရမှာပါနော်။ ရေကူးတာကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲလာတာတွေက ကောင်းတဲ့အရာတွေပါပဲ။ ဘာတွေလဲဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်..။

အဆုတ်က ပိုပြီးအလုပ်လုပ်နိုင်စွမ်း အားကောင်းမယ်

ပုံမှန်ရေကူးတာက အဆုတ်အားကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ရေကူးတာက ယောဂကျင့်သလိုပါပဲ။ အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတတ်လာအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ရေကူးတာက အဆုတ်နဲ့ ရင်ဘတ်ရဲ့ ကြွက်သားကျုံ့ဆန့်နိုင်မှုကို တိုးလာစေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

အရိုးအဆစ်တွေ သန်မာလာမယ်

ရေကူးတာက ကိုယ်အလေးချိန်ရဲ့ (၉၀) ရာခိုင်နှုန်းနီးပါးကို ထောက်ပံ့ပေးတဲ့အတွက် အဆစ်ရောင်ရောဂါကြောင့်ဖြစ်တဲ့ အဆစ်အမြစ်နာကျင်တာကို ခံစားရတဲ့သူတွေအတွက် အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ ပုံမှန်ရေကူးပေးတာက ကြွက်သားတွေကို ပုံမှန်လေ့ကျင့် ပေးသလိုဖြစ်တဲ့အတွက် အဆစ်ရောင်ရောဂါ ဆိုးရွားလာနိုင်ချေကို လျော့နည်းသွားအောင် ကူညီပေးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဆစ်အမြစ်တစ်ဝိုက်က ကြွက်သားတွေကိုလည်း သန်မာလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ခါးနာတာ သက်သာသွားမယ်

သင်က နာတာရှည်ခါးနာတာကို ခံစားနေရတဲ့သူဆိုရင် ရေကူးတာဟာ ခါးက ကြွက်သားတွေကို ကြံ့ခိုင်လာစေပြီး ခါးနာတာကို သက်သာသွားအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။

ကယ်လိုရီတွေကို လောင်ကျွမ်းသွားမယ်

တစ်ပတ် (၃) ကြိမ် ရေကူးတာက ကြွက်သားတွေကို သန်မာစေရင်းနဲ့ ကယ်လိုရီအပိုတွေကို လောင်ကျွမ်းပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ နာရီဝက် ရေကူးတာက လမ်းလျှောက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီထက် နှစ်ဆ ကယ်လိုရီ ၅၀၀ ကို လောင်ကျွမ်းစေပါတယ်။ ရေကူးတာက ကိုယ်အလေးချိန် ကျချင်တဲ့သူတွေအတွက် အကိုက်ပါပဲ။

အိုမင်းရော်ရင့်မှု နှေးကွေးလာမယ်

တစ်ပတ်ကို (၃-၅) ကြိမ် ရေကူးတာက အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်လို့ လေ့လာချက်ကဆိုပါတယ်။ ပုံမှန်ရေကူးတဲ့လူတွေရဲ့ ကြွက်သားသန်မာမှုကြောင့် အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးသွားတာဖြစ်နိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

အိပ်စက်ရတာပိုကောင်းလာမယ်

ရေကူးတာကလည်း သင့်အိပ်စက်ချိန်အတွက် အစွမ်းထက်ပါတယ်။ ရေကူးတာက အိပ်မပျော်တဲ့ရောဂါကို သက်သာသွားအောင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အိပ်စက်ရတာခက်ခဲတဲ့ သူတွေအတွက် ဒါက သတင်းကောင်းဖြစ်မယ်ထင်ပါတယ်။

Ref: What Happens to Your Body When You Start Swimming Just 3 Times a Week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top