အိမ်တွင်းဖြစ် အဝတ်ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို ပိုးသတ်ဖို့အတွက် အလွယ်ကူဆုံးနည်းများ

8-5-2020-yyl-039.jpg

ဆေးဆိုင်နဲ့ စတိုးဆိုင်တော်တော်များများမှာလည်း အခုချိန်ဆို ပါးစပ်နဲ့ နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည်တွေ မရှိတာများပါတယ်။ လက်သန့်ဆေးရည် မရှိဘူးဆိုရင် ဆပ်ပြာ၊ ရေတို့နဲ့ လက်ကို သန့်စင်တဲ့ အကောင်းဆုံးရွေးချယ်မှုရှိနေတုန်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း ဝယ်မရတာက တော်တော်ဆိုးပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချုပ်လုပ်ဖို့ပါပဲ။ ဒါပေမဲ့ အိမ်တွင်းဖြစ် အဝတ်ပါးစပ်နဲ့နှာခေါင်းစည်းတွေကို ဘယ်နှစ်ကြိမ် အသုံးပြုသင့်လဲ။ အဲဒါတွေကို ဘယ်လို ပိုးသတ်ပေးသင့်လဲဆိုတာကတော့ စဉ်းစားစရာပါ။ The Center for Disease Control and Prevention အရ အိမ်တွင်းဖြစ် ပါးစပ်နဲ့ နှာခေါင်းစည်းတို့ကို တစ်နေ့တစ်ကြိမ် အနည်းဆုံး လျှော်ဖွတ်သင့်ကြောင်း၊ ခွဲစိပ်ခန်းသုံး နဲ့ N95 ပါးစပ်နှာခေါင်းစည်းတွေကို အရေးပေါ်ဝန်ဆောင်မှုတွေမှာ ပါဝင်နေတဲ့ အခြားလူတွေ၊ ရဲတပ်ဖွဲ့တွေ၊ ဆေးရုံဝန်ထမ်းတွေလို့ ရှေ့တန်းက လူတွေအတွက် ချန်ထားသင့်ကြောင်း သိရပါတယ်။ အိမ်တွင်းဖြစ် ပါးစပ်နဲ့နှာခေါင်းစည်းတွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာကိုလည်း စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ရေဇလုံထဲ စိမ်ပြီး ပိုးသတ်သန့်စင်ပါ

သင့်မှာ အဝတ်လျှော်စက်မရှိဘူးဆိုရင် ပါးစပ်နဲ့နှာခေါင်းစည်းကို ရေဇလုံထဲစိမ်ပြီး ပိုးသတ်လို့ရပါတယ်။ ဇလုံအကြီးတစ်ခုထဲကို ရေပူနဲ့ ပန်းကန်ဆေးဆပ်ပြာကို ထည့်ပေးပါ။ အဲဒီအထဲကို ပါးစပ်နဲ့နှာခေါင်းစည်းကို အနည်းဆုံး (၅) မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် သေချာလျှော်ဖွတ်ပြီး အသုံးမပြုခင်မှာ ရေသေချာခြောက်သွားဖို့ လိုပါတယ်။

အဝတ်လျှော်စက်နဲ့ ပိုးသတ်သန့်စင်ပါ

အိမ်မှာ အဝတ်လျှော်စက်ရှိတယ်ဆိုရင် ပုံမှန် လျှော်ဖွတ်၊ အခြောက်ခံတာက သင့်ရဲ့ပါးစပ်နဲ့နှာခေါင်းစည်းကို ပိုးသတ်ပေးတာပါပဲ။ အဝတ်လျှော်စက်ထဲမထည့်ခင် ပါးစပ်နဲ့နှာခေါင်းစည်းကို အိတ်တစ်အိတ်ထဲ ထည့်လိုက်ပါ။ ဒါမှ မျှော့ကြိုးက လျော့ရိလျော့ရဲမဖြစ်မှာဖြစ်ပါတယ်။ အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ ရေပူကို အသုံးပြုပါ။ ပြီးရင် အပူချိန်အမြင့်ဆုံးထားပြီး ပါးစပ်နဲ့နှာခေါင်းစည်းကို အခြောက်ခံပေးရမှာဖြစ်ပါတယ်။

ဖို (Oven) ထဲ ထည့်ပြီး ပိုးသတ်သန့်စင်ပါ

ပိုးသတ်မထားရသေးတဲ့ အိမ်တွင်းဖြစ် ပါးစပ်နဲ့နှာခေါင်းစည်းတွေကို အပူနဲ့လည်း ပိုးသတ်ပေးလို့ရပါတယ်။ ဖိုကို အပူချိန် (၁၅၈) ဒီဂရီလောက်ထားပြီး အဲဒီထဲကို ပါးစပ်နဲ့နှာခေါင်းထည့်လိုက်ပါ။ (ဒါမှမဟုတ်) သာမန်အပူချိန်လောက်နဲ့ သေချာမီးပူတိုက်ပေးလို့လည်းရပါတယ်။ ဖိုထဲထည့်ပြီး ပိုးသတ်မယ်ဆိုရင် မိနစ် (၃၀) လောက်အချိန်ယူပေးရမှာဖြစ်ပါတယ်။

Ref: 3 expert-approved easy ways to disinfect your DIY face mask

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top