အသားရေအမျိုးအစားအပေါ်မူတည်ပြီးအသုံးပြုပေးသင့်တဲ့မျက်နှာလိမ်းအဆီ

28-2-2022-yyl4.jpg

လူတော်တော်များများက မျက်နှာမှာ အဆီလိမ်းရတာကို မကြိုက်ကြတာများပါတယ်။ မျက်နှာပေါ်က အဆီတွေက ဝက်ခြံပေါက်တာနဲ့ အခြားအသားရေပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ယူဆထားတဲ့အတွက်ကြောင့်ပါ။ သင်ဟာ အသားရေခြောက်သွေ့တတ်တဲ့သူဆိုရင် အစိုဓာတ်ထိန်းပေးတဲ့ထုတ်ကုန်တွေက ဆောင်းရာသီမှာတောင် မကူအညီမဖြစ်စေနိုင်ပါဘူး။ ဒီထုတ်ကုန်တွေက သင့်အသားရေရဲ့အပေါ်ယံအလွှာကိုသာ အစိုဓာတ်နဲ့ ရေဓာတ်ထိန်းပေးတဲ့အတွက် အစိုဓာတ်တွေ ကုန်ခန်းသွားဖို့ အရမ်းလွယ်ကူပါတယ်။

အခြားတစ်ဖက်မှာ ကျွန်မတို့က ရေဓာတ်ဖြည့်တင်းခြင်းဖြင့် အရေပြားမှတစ်ဆင့် စိမ့်ဝင်စေတဲ့၊ အခြားအရေပြားပြဿနာတွေဖြစ်စေနိုင်တဲ့၊ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်း​တွေကို မလိုလားကြပါဘူး။ ဒါ့အပြင် serum တွေအားလုံးက အသားရေအကုန်လုံးအတွက်မဟုတ်တဲ့အတွက် သင့်အသားရေအတွက် ဘယ် serum က သင့်တော်မလဲဆိုတာ ရွေးချယ်ဝယ်ယူကြရပါတယ်။ ဒါကြောင့် အသားရေအမျိုးမျိုးရှိတဲ့သူတွေက သဘာဝအပင်ကထုတ်ယူထားတဲ့အဆီတွေကို သုံးဖို့ လိုအပ်ပါတယ်။

အရင်ဆုံးသဘာဝအဆီနဲ့ပတ်သက်လာရင် သိထားရမယ့် ယေဘုယျအချက်တွေက ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။ အများအားဖြင့် လူတွေဟာ အုန်းဆီ ဒါမှမဟုတ် မုန်ညင်းဆီလို ထုတ်ယူထားတဲ့အဆီရဲ့ အနံ့ကို မကြိုက်ကြပါဘူး။ ဒါကြောင့် လာဗင်ဒါလို အဆီတွေကို သုံးတာက အနံ့ကောင်းရုံသာမက ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးပြီး လန်းဆန်းပေါ့ပါးစေပါတယ်။ သဘာဝအဆီအနှစ်ထုတ်ယူတဲ့နည်းလမ်းက fatty အက်ဆစ်ပါဝင်မှုနဲ့ အမှုန့်ပါဝင်မှုအပေါ် အခြေခံထားတဲ့အတွက် ထည့်သွင်းစဥ်းစားဖို့ အရေးကြီးပါတယ်။

အချို့သောမရှိမဖြစ်အဆီတွေကအချိန်ကြာလာတာနဲ့ အချိန်ကြာလာသည်နှင့်အမျှ အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီး ပြောင်းလဲသွားတာ​ကြောင့် အရေပြားအတွက် လုံလောက်စွာအာနိသင်မရှိတဲ့အတွက် သိမ်းဆည်းထားနိုင်တဲ့သက်တမ်းက အရေးကြီးပါတယ်။ အဲဒါကလည်း အဆီတွေမှာ ရှိပြီးသား fatty acids အပေါ် မူတည်ပါတယ်။ မျက်နှာလိမ်းအဆီတိုင်းမှာ ဟင်းသီးဟင်းရွက်အဆီ (Carrier Oil)၊ မရှိမ​​ဖြစ်အဆီ (Essential Oil) နဲ့ ဆန့်ကျင်ဓာတ်တိုးပစ္စည်း (Antioxidant) ဆိုတဲ့ အစိတ်အပိုင်း ၃ မျိုးဖွဲ့စည်းပါဝင်ပါတယ်။ Carrier oil က သင့်ခန္ဓာကိုယ်ရဲ့ထုတ်ကုန်ပစ္စည်းဖြစ်ပြီး မရှိမဖြစ်အဆီက နှစ်လိုဖွယ်ကောင်းတဲ့ရနံ့ကို ပေးစွမ်းပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အဆီထဲက အဆီအနှစ်တွေကို ဆီချေးစော်မနံအောင် ကူညီပေးမှာဖြစ်ပါတယ်။ အခု ​သင့်အသားအရေ အမျိုးအစားနဲ့ လိုအပ်ချက်ပေါ်မူတည်​ပြီး အဆီကို ရွေးချယ်ကြမယ်။

ခြောက်သွေ့တဲ့အသားအရေအတွက်– သံလွင်သီးနဲ့ အုန်းသီးအဆီအနှစ်ပါဝင်တဲ့ မျက်နှာလိမ်းအဆီတွေက ရေဓာတ်ခန်းခြောက်ပြီး ကွဲအက်နေတဲ့အသားရေအပေါ် ကောင်းကောင်းလုပ်ဆောင်ပါတယ်။

ပုံ​မှန်အသားအရေအတွက် – လျှော်ပင်အဆီက သင့်အသားရေအတွက် အရမ်းလိုအပ်တဲ့ ရေဓာတ်ကို လုံလောက်စွာ ပေးစွမ်းတဲ့အ​ပြင် အရေပြားအတွင်းရှိ သဘာဝအဆီပမာဏကိုလည်း ထိန်းပေးပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးချင်တဲ့ အသားအရေအတွက်– မာရူလာအဆီ၊ Rosehip အပင်ရဲ့အစေ့အဆီ နဲ့ ဗီတာမင် အီး တွေက အသားရေကို တင်းရင်းစေဖို့ ကူညီပေးတဲ့အတွက် ကော်လဂျင်ဓာတ်တွေ ကျုံ့သွားတာကနေ ကာကွယ်ပေးပါတယ်။

အဆီပြန်သောအသားအရေအတွက် – အာဂန်အဆီ (Argan Oil) နဲ့ Evening Primrose အပင်ရဲ့ပန်းပွင့်က ထုတ်ယူထားတဲ့ အဆီ (Evening Primrose Oil) က အရေပြားအတွင်းက အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံဖြစ်ပေါ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

Ref: Reasons why you should use face oil

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top