ညဘက်မှာ ငှက်ပျောသီးစားသင့် မစားသင့်

yyl-026-12.jpg

ငှက်ပျောသီးက တစ်ကမ္ဘာလုံးကလူတော်တော်များများ စားသုံးကြတဲ့ အသီးတွေထဲက တစ်မျိုးပါပဲ။ မရှိမဖြစ်အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်ဝနေတဲ့ ငှက်ပျောသီးတွေက ကျန်းမာရေး ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ သက်သေပြချက်တွေ အများကြီးရှိထားပါတယ်။ ငှက်ပျောသီးက အမျှင်ဓာတ်၊ ပိုတတ်စီယမ်ဓာတ်၊ ကယ်စီယမ်ဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်ဝတာကြောင့် ကိုယ်အလေးချိန်ချတဲ့နေရာမှာ ကူညီပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါပေမဲ့ ငှက်ပျောသီး စားသုံးတာနဲ့ပတ်သက်ပြီး အယူအဆအမှားတွေ ရှိနေပါတယ်။ လူတွေအဖြစ်များဆုံးက ညဘက် ငှက်ပျောသီးစားတာပါပဲ။ ညဘက်မှာ ငှက်ပျောသီးစားမယ်ဆိုရင် အအေးမိချောင်းဆိုးခြင်း လက္ခဏာရပ်တွေ ဖြစ်လာနိုင်ပါတယ်။

ငှက်ပျောသီးကို ညဘက်မှာ စားသင့်လား

ညဘက်မှာ ငှက်ပျောသီးစားခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တွေ မရှိပါဘူး။ ဒါပေမဲ့ ဆေးပညာအရ ငှက်ပျောသီးက ချွဲ၊ သလိပ်တွေ ထုတ်ပေးနိုင်ပြီး ညဘက်မှာ ငှက်ပျောသီးကို စားမယ်ဆိုရင် လည်ချောင်းမှာ ဆို့နင်သလိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးက အစာအိမ်ကို အစာခြေဖျက်ဖို့ အချိန်တော်တော် ယူရစေပါတယ်။ ညဘက်မှာ ကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်က လုပ်ဆောင်မှုအနည်းဆုံး ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ညဘက်မှာ ငှက်ပျောသီးစားပေးခြင်းက အစာအိမ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ တချို့လေ့လာချက်တွေမှာတော့ ငှက်ပျောသီးက မရှိမဖြစ်အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်စက်ရတာခက်ခဲတဲ့သူဆိုရင် အိပ်ဆေးသောက်တာထက် ငှက်ပျောသီးကို စားပေးသင့်ပါတယ်။

ညနေ့ခင်းမှာ ငှက်ပျောသီးစားပေးတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် အရမ်းစားဖို့မလိုအပ်ဘူးဆိုရင် ငှက်ပျောသီးကို ညဘက်မစားဘဲ နေသင့်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးကို ညဘက် စားကိုမစားရဘူးလို့ မဖြစ်မနေ ရှောင်ခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြပေးတဲ့ အခြေအနေတွေမျိုးမှာဆိုရင်တော့ ညဘက်မှာ ငှက်ပျောသီးစားတာကို ရှောင်ရှားသင့်ပါတယ်။
– အအေးမိ၊ ချောင်းဆိုးခြင်းကို ခံစားနေရတယ်ဆိုရင်
– ပန်းနာရင်ကျပ်ရှိတယ်ဆိုရင်
– အစာခြေပြဿနာကို ခံစားနေရတယ်ဆိုရင်
– ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတယ်ဆိုရင်

Ref: Is it safe to eat bananas at night?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top