နေ့တိုင်း ချင်းပြုတ်ရည်သောက်ရင် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာမလဲ

5-11-2020-yyl-001.jpg

အခုလိုကိုဗစ်ကာလမှာ ချင်းပြုတ်ရည်က လူတော်တော်များများ သောက်သုံးနေကြတာပါ။ ချင်းက ဆေးဖက်ဝင်တဲ့အတွက် သူ့ရဲ့အကျိုးကျေးဇူးကတော့ လုံးဝအံ့မခန်းပါပဲ။ ချင်းပြုတ်ရည်က မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေရဲ့လက်ဆွဲလို့ပြောလို့ရပါတယ်။ ချင်းပြုတ်ရည်ရဲ့ဘေးထွက်ဆိုးကျိုးကတော့ မရှိသလောက်ပါပဲ။ ချင်းပြုတ်ရည်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကြောင့် နေ့တိုင်း ချင်းပြုတ်ရည်ပူပူလေးကို သောက်ပေးဖို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ဆရာဝန်တွေက ထောက်ခံပေးလာကြပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည် သောက်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ချင်းပြုတ်ရည်သောက်ပေးရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်

ချင်းပြုတ်ရည်ရဲ့အစွမ်းသတ္တိကို သိရဖို့အတွက် သုတေသီတွေက လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ချင်းပြုတ်ရည်က နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ချင်းပြုတ်ရည်က နှလုံးရောဂါမဖြစ်အောင် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောတွေကို မြှင့်တင်ပေးတဲ့အပြင် သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးတယ်

ကိုယ်အလေးချိန်များတဲ့သူတွေရဲ့ (၅) မိနစ် တစ်ခါ စားချင်နေတဲ့စိတ်က သူတို့ရဲ့ကိုယ်အလေးချိန်ကို မထိန်းနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီလူမျိုးတွေအတွက် ချင်းပြုတ်ရည်က အကူအညီပေးနိုင်ပါတယ်။ ချင်းပြုတ်ရည်က ဆာလောင်မွတ်သပ်မှုကို လျော့ချပေးတဲ့အပြင် ဗိုက်ပြည့်အင်နေသလိုခံစားရစေတယ်လို့လည်း လေ့လာချက်တွေမှာ တွေ့ရှိခဲ့ရပါတယ်။

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးတယ်

ဆီးချိုရောဂါသည်တွေက သွေးအတွင်းသကြားဓာတ်မြင့်မားကြတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဆီးချိုရောဂါသည်တွေအတွက် ချင်းပြုတ်ရည်ကလည်း ကောင်းကျိုးရှိပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည်သောက်ပေးမယ်ဆိုရင် ဆီးချိုရောဂါရဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကို လျော့ချပေးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။

ဒူးနာတာကို သက်သာစေနိုင်တယ်

ချင်းရဲ့ဆောင်ပုဒ်ကို ဒူးနာတာတွေ ကင်းဝေးလို့တောင် သတ်မှတ်လို့ရနိုင်ပါတယ်။ ချင်းပြုတ်ရည်ကို (၆) လ သောက်ပေးမယ်ဆိုရင် ဒူးနာတဲ့သူတွေ သိသိသာသာ ဒူးနာတာပျောက်သွားတာကို ခံစားမိကြပါလိမ့်မယ်နော်။

ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

ချင်းက အသည်းကင်ဆာလို ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ချင်းပြုတ်ရည်ဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို အခိုင်အမာလေ့လာတွေ့ရှိခဲ့တာပါ။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

ခဏခဏဖျားနာရတာကလည်း ကိုယ်ခံအားစနစ်အားနည်းတဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။ သင်က ခဏခဏဖျားနာတတ်တယ်ဆိုရင် ကိုယ်ခံအားစနစ်မြှင့်တင်ပေးဖို့အတွက် ချင်းပြုတ်ရည်ကို နေ့တိုင်းသောက်ပေးလို့ရပါတယ်။ နေ့တိုင်း ချင်းပြုတ်ရည်သောက်ပေးမယ်ဆိုရင် (၂၁) ရက်မှာ ကိုယ်ခံအားစနစ် သိသိသာသာကောင်းလာတာကို ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းလာတဲ့အတွက် ရောဂါပိုးမွှားအလွယ်တကူဝင်ရောက်လာခြင်းလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။

Ref: Brightside “What Happens to Your Body If You Drink Ginger Tea Everyday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top