ကားပါကင် ရောင်းချပြီး ကန်ဒေါ်လာ ၃၃၀,၀၀၀ အမြတ်ထွက်ခဲ့တဲ့ ဟောင်ကောင်စုံတွဲ

DhYdh39WkAEdKYi.jpg

ဟောင်ကောင်မှာ လွန်ခဲ့တဲ့ ၉ လက ကားပါကင် တစ်နေရာစာအတွက် စုံတွဲတစ်တွဲက အမေရိကန်ဒေါ်လာ ၄၃၀,၀၀၀ ပေးဝယ်ခဲ့ပြီး အခုအခါ ၇၆၀,၀၀၀ နဲ့ ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။ ကိုလွန်ဒေသက Ultima အထူးစီမံကိန်းမှာရှိတဲ့ ဒီ ကားပါကင်နေရာကို ၂၀၁၇ စက်တင်ဘာလလောက်မှာ ဟောင်ကောင်က စုံတွဲ တစ်တွဲက ဟောင်ကောင်ဒေါ်လာ ၃.၄ သန်း (အမေရိကန်ဒေါ်လာ ၄၃၀,၀၀၀) နဲ့ ဝယ်ယူခဲ့တာပါ။ အခုလို ပြန်လည် ရောင်းချနိုင်ခဲ့တာကြောင့် ဒီစုံတွဲဟာ အသားတင် အမြတ်ငွေ ဟောင်ကောင်ဒေါ်လာ ၂.၆ သန်း (အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀) လောက် ရရှိခဲ့ပါတယ်။

ကားပါကင်ရဲ့ အကျယ်ဟာ 16.4 x 8.2 ပေ အကျယ်ရှိပြီး ကမ္ဘာမှာ ဈေးနှုန်းမြင့်တဲ့ တန်ဖိုးကြီး နေရာတစ်ခုပဲဖြစ်ပါတယ်။

“ဒီနေရာဟာ အဆင့်မြင့်ဇိမ်ခံ တန်ဖိုးမြင့်နေရာ တစ်ခုပါ။ ဒီမှာ နေထိုင်တဲ့သူတွေဟာ ငွေကြေးချမ်းသာတဲ့ သူတွေဖြစ်ပြီး ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ လောက် ချမ်းသာကြတာမို့ ကားပါကင်အတွက် သုံးမယ့် ဒီငွေကြေးလောက်ကို ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး” လို့ Centaline အိမ်ခြံမြေ အေဂျင်စီရဲ့ ဒါရိုက်တာ ဆန်ဒီယာ လျူ (Sandia Lau) က ဆိုပါတယ်။

အခုအခါမှာတော့ ဒီနေရာဟာ ကမ္ဘာ့ဈေးအကြီးဆုံး ကားပါကင် နေရာတစ်ခုထဲမှာ အပါအဝင်ဖြစ်လာပြီး Ultima စီမံကိန်းမှာ ကားပါကင်ပေါင်း ၃၇၀ ပါဝင်မှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာလဲ ကမ္ဘာ့စံချိန်တင်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း အာရှရဲ့ ဈေးအကြီးဆုံး တိုက်ခန်း နှစ်ခုကို ဝယ်သူတစ်ဦးတည်းက ဒေါ်လာ ၁၄၉ သန်းနဲ့ ဝယ်ယူခဲ့ပါသေးတယ်။

Ref : Business Insider “A Hong Kong couple bought a single parking space for $433,000 and flipped it for $760,000 in just 9 months”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top