ရှေ့နေအဖွဲ့က ဆေးရုံကို ဝင်ရောက်တိုက်ခိုက်လို့ လူနာ(၃)ယောက် သေဆုံး

yyl-027-7.jpg

ပါကစ္စတန်နိုင်ငံ လာဟိုရီမြို့ ဆေးရုံမှာ ရှေ့နေရာပေါင်းများစွာက ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူနာ(၃)ယောက် သေဆုံးခဲ့ပါတယ်။ အွန်လိုင်းပေါ်က ရုပ်သံမှတ်တမ်းအရ ရှေ့နေတွေက နှလုံးဆေးရုံရဲ့ ကုသဆောင်တွေထဲ ဝင်ရောက်သောင်းကျန်းခဲ့ပြီး ဆေးရုံဝန်ထမ်းတွေကို ရိုက်နှက်ခဲ့သလို ဆေးဘက်ဆိုင်ရာ ကိရိယာတွေကိုလည်း ရိုက်ခွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရှေ့နေတစ်ယောက်ရဲ့အမေ ဆေးရုံတက်ရလို့ သူ့ရဲ့အပေါင်းအသင်း ရှေ့နေတွေပါ ဆေးရုံကို လိုက်လာခဲ့ကြပါတယ်။ အဲဒီအချိန်တွင် ဆေးရုံဝန်ထမ်း၊ တာဝန်ကျဆရာဝန်တွေနဲ့ အချင်းများခဲ့ပြီး ထိုးကြကြိတ်ကြ ဖြစ်ပွားရာမှာ လူပိုများတဲ့ ဆေးရုံဝန်ထမ်းတွေက ရှေ့နေတွေကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြပါတယ်။

နှစ်ဖက်လုံးက ရဲစခန်းကို အပြန်အလှန်တိုင်ကြားခဲ့ပေမဲ့ ဘယ်သူ့ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပါဘူး။ ဒီပြဿနာမှာ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အရာရှိတွေ ပါဝင်လာခဲ့ပြီး တစ်ဖက်အုပ်စုကို ဖမ်းပေးဖို့ နှစ်ဖက်လုံးက အပြိုင်အဆိုင် ဖိအားပေးခဲ့ကြပါတယ်။ အဲဒီအတွက် ပြည်နယ်အာဏာပိုင်တွေက ကြားဝင်စေ့စပ်ပေးခဲ့ရပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဆေးရုံဝန်ထမ်းတွေက ရှေ့နေတွေကို တောင်းပန်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒါကြောင့် ရှေ့နေတွေကလည်း တိုင်ချက်ဖွင့်ထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရှေ့နေတွေ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံခဲ့ရတဲ့ ဗီဒီယိုကို လူငယ်ဆရာဝန်တစ်ယောက်က လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး အဲဒီဗီဒီယိုက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီဗီဒီယိုကြောင့် ဒေါသထွက်နေတဲ့ ရှေ့နေ ၂၀၀ ကျော်က တုတ်တွေကိုင်ပြီး လာဟိုရီမြို့မှာရှိတဲ့ ပန်ဂျပ်နှလုံးဆေးရုံကို နေ့လယ်ခင်းအချိန်မှာ ဝင်ရိုက်ခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်သွင်းပြီး လူစုခွဲခဲ့ရပါတယ်။ ၂ နာရီကျော် ဖြေရှင်းခဲ့ရတဲ့ ဒီဖြစ်ရပ်မှာ လူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top