အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကြမ်းကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွား

yyl-028-7.jpg

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နေထိုင်သူ ထောင်ပေါင်းများစွာက ညမထွက်ရအမိန့်ကို ဖီဆန်ပြီး နိုင်ငံသားဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ထားရပါတယ်။ ပြင်ဆင်ဖြည့်စွက်တဲ့ နိုင်ငံသားဥပဒေကြမ်း(CAB)အရ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စတဲ့ အိမ်နီးချင်းနိုင်ငံသုံးနိုင်ငံက မွတ်စလင်မဟုတ်တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးမှာပါ။ အဲဒီဥပဒေကြမ်းဟာ မွတ်စလင်တွေကို ခွဲခြားဆက်ဆံရာရောက်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒီဥပဒေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဝင်ရောက်လာမယ့် ဟိန္ဒူဘာသာဝင်ဦးရေက ဒေသခံတွေထက် ပိုများသွားလိမ့်မယ်လို့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ ဆန္ဒပြသူတွေက မှတ်ချက်ပေးထားပါတယ်။ နိုင်ငံသားဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူ ၂၀ မှ ၃၀ ကြား ဒဏ်ရာရခဲ့ပြီး လေကြောင်းခရီးစဉ်တွေနဲ့ ရထားပြေးဆွဲမှုတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညမှာ အိန္ဒိယနိုင်ငံ အထက်လွှတ်တော်က အဲဒီဥပဒေကြမ်းကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် အတည်ပြုဖို့အတွက် အိန္ဒိယသမ္မတက လက်မှတ်ရေးထိုးဖို့ လိုနေပါသေးတယ်။ ပြင်ဆင်ဖြည့်စွက်တဲ့ နိုင်ငံသားဥပဒေကြမ်းဟာ ဘာသာရေးကြောင့် ဖိနှိပ်ညှဉ်းပန်းခံရသူတွေအတွက် ခိုလှုံရာနေရာ ဖန်တီးပေးနိုင်လိမ့်မယ်လို့ အာဏာရပါတီ(BJP)က ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top