ကယ်လိုရီပမာဏ (၁၀,၀၀၀) စားပေးရုံနဲ့ ဝင်ငွေရနေတဲ့ မိန်းကလေး

gg.jpg

ရိုးရာလေးပရိတ်သတ်တွေထဲမှာ အစားစားရတာမကြိုက်တဲ့သူ ရှိလားဟင်။ ဆိုပေမဲ့လည်း တစ်နေ့ကို ကယ်လိုရီပမာဏ (၁၀,၀၀၀) စားတယ်ဆိုတာကတော့ နည်းနည်းများပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက အဲဒီလောက်ပမာဏအစားစားပေးနေရုံနဲ့ ဝင်ငွေရနေတယ်ဆိုတာပါပဲ။

ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက် (၂၅) နှစ်အရွယ် အမန်ဒါ ဖေးရ် (Amanda Faye) ဆိုတဲ့ အမျိုးသမီးဟာ သူ(မ)တစ်နေ့ ကယ်လိုရီ (၁၀,၀၀၀) လောက်စားတဲ့ ဗီဒီယိုတွေကို အင်တာနက်မှာတင်ရင်း ပရိတ်သတ်အများအပြားရရှိထားသူပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် (၄၆၂) ပေါင်ရှိပြီး ကီလိုဂရမ်အနေနဲ့ဆိုရင်တော့ (၂၀၉.၅၆) ကီလိုဂရမ်ရှိပါတယ်။

ဖေးရ်ကို ဘာကြောင့်ဒီလောက်တောင်ဝလာရတာလဲဆိုပြီး မေးမြန်းကြည့်တဲ့အခါမှာတော့ သူ(မ)က “ခန္ဓာကိုယ်အချိုးအစားကျကျလှပစေဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားကြည့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မမအောင်မြင်ခဲ့ပါဘူး။ ကျွန်မချစ်သူကောင်လေးကပါ ကျွန်မကိုဝိတ်မလျှော့ခိုင်းဘဲ အစားများများစားဖို့ တိုက်တွန်းနေတယ်။ နောက်ပြီး ကျွန်မခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သတ်လို့ ဘာမှအားငယ်စရာမလိုဘူးလို့တောင် သူကပြောနေပါသေးတယ်” လို့ဆိုပါတယ်။ ဆက်လက်ပြီး သူ(မ)ဟာ အခုလိုမျိုးအစားမတရားစားခိုင်းတဲ့ချစ်သူနဲ့ (၂၀၁၆) ခုနှစ်တုန်းက သူငယ်ချင်းတစ်ယောက်ကြောင့် သိခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

ဖေးရ်ဟာ အခုလိုမျိုးအစားတွေ မတရားစားသောက်နေတဲ့ ဗီဒီယိုတွေကို ရိုက်ကူးထားပြီး သူ(မ)ရဲ့ တန်ဘရာ စာမျက်နှာ (Tumblr page) နဲ့ အင်စတာဂရမ် အကောင့်တို့ကနေတစ်ဆင့် အင်တာနက်ပေါ် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

သင်ဟာဖေးရ်ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသုံးပြုမယ်ဆို ဒေါ်လာ (၁၀) ပေးဆောင်ရမှာဖြစ်ပြီး စနက်ချက် (Snapchat) ပါပါဝင်မယ်ဆိုရင်တော့ ဒေါ်လာ (၂၀) အပိုပေးဆောင်ရမှာဖြစ်ပါတယ်။ သူ(မ)နဲ့ အင်တာနက်ပေါ်ကတစ်ဆင့် ဗီဒီယိုကောလ် (FaceTime call) ပြောမယ်ဆိုရင်တော့ ဒေါ်လာ (၅၀) ကျသင့်မှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဖေးရ်ရဲ့ချစ်သူကောင်လေးဟာဆိုရင်လည်း ဖေးရ်လုပ်တဲ့ ဘယ်အရာကိုမဆို အထောက်အပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

Ref : noonecares “209 kg Woman Gets Paid To Eat 10,000 Calories In A Day”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top