မိုးရာသီနဲ့ အထူးလိုက်ဖက်တဲ့ ရခိုင်မုန့်တီနှင့် အသုပ်

yyl-005.png

ရခိုင်မုန့်တီနှင့် အသုပ်ကတော့ ခုလို မိုးရာသီဆိုရင် အထူးပင်လိုက်ဖက်ပြီး စားလို့ သင့်တော်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။မိုးအေးအေးလေးမှာ ရခိုင်မုန့်တီထဲကို ငရုတ်သီးတွေ များများထည့်၊ ငါးဖယ်လေးနဲ့ အကြော်လေးနဲ့ တွဲဖက်ပြီးစားလို့ ရပါတယ်။

အလွယ်တကူ ဝယ်စားလို့ ရတဲ့အပြင် မိမိဘာသာလည်း အိမ်မှာချက်ပြုတ် စားသောက်နိုင်ပါတယ်။ တစ်ချို့ကလည်း မုန့်တီသုပ်ကို ပိုပြီးကြိုက်တာလည်း ရှိပါတယ်။ မုန့်တီသုပ်ကလည်း တစ်မျိုး စားလို့ ကောင်းစေပါတယ်။ အသုပ်ကော အရည်ကော နှစ်မျိုးလုံးကတော့ ခုလို မိုးရာသီနဲ့ လိုက်ဖက်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် မုန့်တီနဲ့ တွဲဖက်ပြီးတော့လည်း ရခိုင်သင်္ဘောသီးသုပ်ကလည်း အထူးပင် စားလို့ကောင်းစေပါတယ်။ ရခိုင်အစားအစာတွေ ဖြစ်တော့ အစပ်စားနိုင်ဖို့တော့ လိုအပ်တာပေါ့။ ရခိုင်မုန့်တီ ဆိုတာဟာလည်း အသံကြားလိုက်တာနဲ့ သွားရေ တဖြန်းဖြန်း ကျစေတဲ့ အစားအစာ တစ်ခုပါ။

Photo ref : ohmyfoodcoma ၊ babytaster.blogspot.com ၊ draungsan.blogspot

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top