Samsung က ခေါက်ချိုး Galaxy Fold ကို ကြေညာပြီ

ph1-1.jpg

Samsung က ခေါက်ချိုး Galaxy Fold ကို ကြေညာလိုက်ပါပြီ။ သူ့ကို အမေရိကန်မှာ ဧပြီလ ၂၆ ရက်နဲ့ ဥရောပမှာ မေလ ၃ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ အမေရိကန်တွင် ၁၉၈၀ ဒေါ်လာ ရှိပါတယ်။ ၂၀၀၀ ယူရိုဖြင့် ဥရောပမှာ ရောင်းမှာပါ။ သူ့မှာ ၇.၃ လက်မ Infinity Flex Display ပါပြီး သူ့ကို ခေါက်ချိုးနိုင်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်ရင် ဖုန်း အရွယ် ဖြစ်သွားပြီး အပြင်ဘက်မှ ၄.၆ လက်မ HD+ Display ကို အသုံးပြုနိုင်ပါတယ်။

ဒေတာ ကူးပြောင်းရာမှာ လျှင်မြန်တဲ့ 512GB UFS 3.0 ပါပါတယ်။ Snapdragon 855 , 12GB RAM များ ထည့်သွင်းထားပါတယ်။ ဘက်ထရီ ၂ လုံး ပါပြီးစုစုပေါင်း ပမာဏမှာ 4380mAh ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Ultra-wide Camera, 12MP Wide-angle နဲ့ Telephoto Cameras များ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီးအတွက် 10MP Cover Camera ပါပါတယ်။ အတွင်းပိုင်းမှာ ၂ လုံး ပါပါတယ်။ ခေါက်ချိုး သုံးသည်ဖြစ်စေ ဖြန့်ပြီး သုံးသည်ဖြစ်စေ အနည်းဆုံး ကင်မရာ တစ်လုံးကို သုံးနိုင်မှာပါ။

သူ့အတွက် အရောင် လေးမျိုး ထုတ်လုပ်ထားပါတယ်။ App သုံးခုကို တစ်ပြိုင်နက် သုံးနိုင်တဲ့ လုပ်ဆောင်ချက် ပါပါတယ်။ ခေါက်ချိုး ဖုန်းအတွက် Android 9 Pie ကို Samsung က Google နဲ့ ပူးပေါင်း ဖန်တီးခဲ့ပါတယ်။ အရွယ်သေး စကရင်ကနေ အရွယ်ကြီး စကရင်ကို ပြောင်းသုံးတဲ့ အခါမှာ UI ကို လိုက်ဖက်အောင် ပြုလုပ်ပေးတဲ့ App Continuity ပါပါတယ်။

 

Credit – myanmarmobileapp.org

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top