ကိုရီးယားနိုင်ငံကို သွားတော့မယ်ဆိုရင်

29594888_471247926623730_3554179238654726941_n.jpg

နိုင်ငံတစ်နိုင်ငံကို သွားရောက် လည်ပတ်တော့မယ်ဆိုရင် သွားရောက်မယ့်နိုင်ငံရဲ့ ထူးဆန်းတဲ့အပြုအမူများ ၊တားမြစ်ချက်စည်းကမ်းများ၊ ရိုးရာဓလေ့များကို လေ့လာပြီးမှ လည်ပတ်မယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ပျော်ရွှင်စရာခရီးလေးတစ်ခုဖြစ်စေမှာပါ။ ကိုရီးယားနိုင်ငံ သွားရောက်လည်ပတ်မယ့် သတိထားရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို ရိုးရာလေးပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုရီးယားနိုင်ငံမှာ အစားအသောက်စားသုံးတဲ့ “တူ”နဲ့ပတ်သတ်ပြီး အယူအဆတစ်ခုရှိပါတယ်။

အသား၊ ငါးတစ်ခုခုစားသောက်ရာမှာ တူကို ခက်ရင်းကဲ့သို့ ထိုးစိုက်ပြီးစားသောက်ခြင်းဟာ အိမ်ရှင်၊ ချက်ပြုတ်သူအပေါ် မထီမဲ့မြင်ပြုခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ တူ ၂ ချောင်းကို ထမင်းပန်းကန်ထဲသို့ ဒေါင်လိုက်စိုက်ထားခြင်းဟာလည်း နာရေးအကြောင်းကိစ္စများမှာသာ ပြုလုပ်တဲ့ ဓလေ့ဖြစ်လို့ သတိထားသင့်ပါတယ်။

ကိုရီးယားနိုင်ငံဟာလည်း အခြားသော အာရှနိုင်ငံများနည်းတူ တက်တူးနဲ့ပတ်သတ်ပြီး သဘောထားကွဲလွဲမှုများရှိနေပါတယ်။ တကယ်လို့ တက်တူးတစ်ခုတစ်လေရှိနေခဲ့ရင် လူမှုရေးကိစ္စများတွင် ခွဲခြားဆက်ဆံခံရနိုင်ပြီး တက်တူးကြောင့် လုပ်ငန်းဆောင်တာများတွင်လည်း ထိန်ချန်မှုများရှိနိုင်ပါတယ်။

တကယ်လို့ ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်မှာ စားသောက်ပြီးနောက် ကျသင့်ငွေရှင်းတော့မယ်ဆိုရင် ဝန်ထမ်းများ၊ ဝိတ်တာများကို ဆုကြေး၊ဘောက်ဆူးများပေးခြင်း မပြုလုပ်ဖို့တားမြစ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒီအပြုအမူဟာ ဝန်ထမ်းများရဲ့ ကိုယ်ကျင့်တရားပျက်ပြားစေနိုင်တယ်လို့ ယူဆထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ဝါသနာပါတဲ့ ရောင်းရင်းတို့ကတော့ ဒီအချက်လေးကို မဖြစ်မနေသတိထားနော်။ ကိုရီးယားနိုင်ငံသားတွေအချင်းချင်းတောင် ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ သိရှိခဲ့တယ်ဆိုရင် ရဲစခန်းမှာ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဟာ မကောင်းတဲ့နေရာ၊ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရိုက်ကူးခြင်းမဟုတ်ကြောင်း ကာယကံရှင်ကျေနပ်အောင် ရှင်းပြပေးရမှာပါ။ ကာယကံရှင်က မကျေနပ်ဘူးဆိုရင်တော့ ချက်ချင်းဖျက်ပေးရမှာဖြစ်ပါတယ်။

ကိုရီးယားလူမျိုးအများစုဟာ အလုပ်ကြိုးစားကြသလို အရက်အလွန်အကျွံသောက်လေ့ရှိကြပါတယ်။ တစ်ပတ်တစ်ခါ လုပ်ဖော်ကိုင်ဖက်များ၊ သူဌေးများနဲ့အတူတူသောက်စားလေ့ရှိပြီး အလုပ်ကိစ္စများကိုဆွေးနွေးတိုင်ပင်ကြပါတယ်။ တွေ့ဆုံပွဲပြီးဆုံးသွားတဲ့အခါ တချို့က အိမ်မပြန်နိုင်အောင် မူးနေတဲ့အတွက် မြေအောက်ရထားဂိတ်များမှာပဲ လှဲလျောင်းအိပ်စက်ကြပါတယ်။ ဘယ်သူမှ သွားရောက်နိုးခြင်း၊ အိမ်ကိုပြန်ပို့ခြင်းလည်း မပြုလုပ်ကြပါဘူး။ အိပ်ပျော်နေတဲ့လူများရဲ့ လုံခြုံရေးအတွက် ရဲဝန်ထမ်းအချို့က တစ်နေရာမှ စောင့်ကြည့်နေတဲ့အတွက် စိတ်ချစွာ အိပ်စက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ နေရာတိုင်းမှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။ ဆေးလိပ်ငွေ့ကြောင့် တခြားသူစိတ်အနှောက်အယှက်မဖြစ်ရအောင် ဆေးလိပ်သောက်ဖို့နေရာ၊ ဆေးလိပ်သောက်ဖို့အခန်းငယ်များကို လမ်းမများပေါ်မှာပဲ ပြုလုပ်ပေးထားပါတယ်။ တကယ်လို့ ဆေးလိပ်သောက်ခွင့်ကန့်သတ်ထားတဲ့နေရာမှာ သောက်မိတယ်ဆိုရင်တော့ ဒဏ်ငွေပြင်းပြင်းထန်ထန်ဆောင်ရမှာပါ။

Paradise(ရိုးရာလေး)
Ref:https://brightside.me

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top