အချစ်က အသက်အရွယ်ကန့်သတ်ချက်မရှိကြောင်း သက်သေပြလိုက်တဲ့ အိုဟိုင်းယိုးပြည်နယ်က စုံတွဲ

2sep201901.jpg

အိုဟိုင်းယိုးပြည်နယ်က စုံတွဲတစ်တွဲက ကမ္ဘာပေါ်မှာ အချစ်ဆိုတာ အသက်ကန့်သတ်ချက်တွေမရှိဘူးဆိုတာကို သက်သေပြလိုက်ပါပြီ။

အသက် (၁၀၀) အရွယ် ဂျွန် ကွတ်ခ် ဆာ နဲ့ အသက် (၁၀၃) နှစ်အရွယ် ဖီလစ် ကွတ်ခ် (Phyllis Cook) တို့နှစ်ဦးဟာ Kingston Residence of Sylvania ဆိုတဲ့ ဘိုးဘွားရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ချစ်ခင်စုံမက်သွားကြပြီး ပြီးခဲ့တဲ့ဇွန်လမှာ လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“သူတို့ဟာ အချင်းချင်းချစ်မိသွားခဲ့ကြတာပါ။ လိုက်လည်းလိုက်ဖက်ကြသလို တစ်ယောက်နဲ့တစ်ယောက်ဖေးမရင်းနဲ့ ပျော်ရွှင်နေကြတာပါ” လို့ Kingston ရဲ့စီစဉ်ညွှန်ကြားသူ အယ်မလီ ရိုအာချ် (Emily Roach) က ပြောပါတယ်။

ဂျွန် ကွတ်ခ်က ၂၀၁၇ခုနှစ် ဇန်နဝါရီလကတည်းက Kingston မှာရှိခဲ့တာဖြစ်ပြီး သူ့ဇနီးက ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလကမှ ရောက်လာခဲ့တာပါ။ “ဖီလစ်က တောင်ဘက်ပိုင်းကလာတာဖြစ်တဲ့အတွက် အသံနည်းနည်းဝဲတယ်။ သူတို့က ဘင်ဂိုအတူတူကစားကြပါတယ်။ အပြင်သွားရတာနဲ့ ခြံဝင်းထဲမှာ ထိုင်ရတာတွေကိုလည်း နှစ်သက်တယ်” လို့ ရိုအာချ်က ပြောပါတယ်။

ဂျွန် ကွတ်ခ်က ဒုတိယကမ္ဘာစစ်တုန်းက စစ်မှူးထမ်းဟောင်းတစ်ဦးပါ။ သူတို့နှစ်ဦးမှာ အရင်အိမ်ထောင်နဲ့ ရထားတဲ့ ကလေးတွေရှိကြပါတယ်။ ရာပြည့်အဘိုးအဘွားတို့အတွဲဟာ သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတဲ့ဧည့်ခန်းမှာပဲ မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ်။

ဘိုးဘွားရိပ်သာက ဝန်ထမ်းတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေကလည်း အဲ့ဒီမင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့သလို သူတို့အတွဲရဲ့ ပထမဆုံးအကအလှကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ “မင်္ဂလာပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးစီးခဲ့ပြီး ကွတ်ခ်တို့ဇနီးမောင်နှံအတွက် အမှတ်ရစရာအချိန်လေးဖြစ်ခဲ့ပါတယ်” လို့ ရီုအာချ်က ပြောပါတယ်။

Ref: ABC News “103-year-old and 100-year-old celebrate their love in sweet wedding reception”

WL (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top