ဒါလစ်မျိုးနွယ် ဝင်လင်မယားနှစ်ယောက် ပိုးသတ်ဆေးသောက်ခဲ့တဲ့ဖြစ်ရပ်ကြောင့် အိန္ဒိယအရာရှိနှစ်ယောက်ကို ရာထူးကနေ ဖယ်ရှား

11-7-2020-yyl-007-1.jpg

အစိုးရပိုင်မြေကနေ နှင်ထုတ်ခံရချိန်မှာ ဒါလစ်မျိုးနွယ်ဝင် လင်မယားနှစ်ယောက် ပိုးသတ်ဆေးသောက်ပြီး အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ အရာရှိနှစ်ယောက်ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ မဟာပရာဒက်ရှ်ပြည်နယ်မှာ ဒါလစ်မျိုးနွယ်ဝင် လင်မယားနှစ်ယောက်ကို ရဲတပ်ဖွဲ့က ရိုက်နှက်နေပြီး ကြောက်လန်နေတဲ့ သူတို့ရဲ့ကလေးတွေ ငိုကြွေးနေကြတဲ့ဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့သလို အဲဒီရုပ်သံမှတ်တမ်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဟိန္ဒူဇာတ်စနစ်အရ အောက်ဆုံးနေရာမှာရှိတဲ့ ဒါလစ်မျိုးနွယ်တွေကို ဆက်ဆံနေကျပုံစံမျိုးဖြစ်တယ်လို့ အတိုက်အခံပါတီတွေက ဆိုကြပါတယ်။ ဒါလစ်မျိုးနွယ်ဝင်တွေကို ဥပဒေထုတ်ပြီး ကာကွယ်ပေးထားပေမဲ့ ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရဆဲပါပဲ။

လယ်စိုက်ဖို့ ငှားရမ်းထားတဲ့ မြေပေါ်ကနေ ဖယ်ရှားခံရမယ်ဆိုရင် သူတို့သေရလိမ့်မယ်လို့ ဒါလစ်လင်မယားက ပြောပါတယ်။ ဒါလစ်လင်မယားကို ကောလိပ်ကျောင်းဆောက်ဖို့ လျာထားတဲ့ အစိုးရပိုင်မြေကနေ ဖယ်ရှားခဲ့ချိန်မှာ သူတို့နှစ်ယောက်က ပိုးသတ်ဆေးသောက်ပြီး ဆန္ဒပြခဲ့ကြတာလို့ အရာရှိတွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒါလစ်လင်မယားကို ဆေးရုံပို့ခဲ့ပြီး ကျန်းမာရေးအခြေအနေ ပြန်သက်သာလာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုလုပ်နေပြီး ဒေသခံအရာရှိတစ်ယောက်နဲ့ ရဲချုပ်တစ်ယောက်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ မဟာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ် ရှီဝရာဆင်းမ်ကူဟန်က ပြောပါတယ်။


Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top