မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပခဲ့တဲ့ OPPO | PUBG MOBILE KING OF THE HILL Offline ဂိမ်းပြိုင်ပွဲ

local02sep1901.jpg

OPPO Myanmar က Title Sponsor အဖြစ်ပါဝင်ကူညီထားပြီး PUBG MOBILE က မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ Offline ဂိမ်းပြိုင်ပွဲOPPO | PUBG MOBILE KING OF THE HILL ကို ရန်ကုန်မြို့၊ Junction Square က Promotion Area မှာ ဒီနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍ ပိုဖွံ့ဖြိုးလာစေဖို့အပြင် မြန်မာ Esports ကစားသမားတွေကို အရှေ့တောင်အာရှသာမက နိုင်ငံတကာအဆင့် Esports ပြိုင်ပွဲတွေအထိ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကူညီပံ့ပိုးပေးတဲ့ခြေလှမ်းတစ်ရပ်အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

OPPO | PUBG MOBILE KING OF THE HILL offline ဂိမ်းပြိုင်ပွဲမှာ ပွဲစဉ် (၅) ပွဲပါဝင်ပြီး ပွဲစဉ် (၁) ခုစီမှာ ကစားသမားဦးရေ (၆၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Sanhok မြေပုံတစ်ခုထဲမှာ တစ်ဦးချင်းစီကစားနည်း “Solo Mode”ကို TPP Mode နဲ့ယှဉ်ပြိုင်ခဲ့ကြတာကတော့ ဒ1ိဂိမ်းပြိုင်ပွဲရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ထိပ်ဆုံးနှစ်သင်းရဲ့ကစားသမား (၈) ယောက်ကလည်း အခုပြိုင်ပွဲရဲ့ပွဲစဉ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပွဲစဉ်တစ်ပွဲစီမှာ အနိုင်ရရှိတဲ့ (Chicken Dinner Winner) တစ်ဦးနဲ့ Kill အများဆုံးရသူ (Best Kill) တစ်ဦးစီကို ရွေးချယ်ခဲ့ပြီး ပွဲစဉ် (၅) ပွဲရဲ့ အနိုင်ရသူ (၁၀) ဦးကို ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀) စီချီးမြှင့်ခဲ့တဲ့အပြင် in-game item တွေနဲ့ merchandised ပစ္စည်းတွေကိုပါ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒီနေ့ဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံကနာမည်ကြီး game streamer တွေဖြစ်တဲ့ အောင်ပိုင်ချို၊ Tomlla နဲ့ Power Gaming တို့တက်ရောက်အားပေးခဲ့ကြသလို လာရောက်ကြည့်ရှုအားပေးတဲ့ပရိတ်သတ်တွေကလည်း များစွာရှိခဲ့ပါတယ်။ အခုကျင်းပတဲ့ပြိုင်ပွဲနည်းတူပြိုင်ပွဲတွေနဲ့ တခြားစိတ်လှုပ်ရှားစရာအစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံရဲ့တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကျင်းပသွားနိုင်ဖို့စီစဉ်နေကြောင်း PUBG MOBILE ရဲ့ Business Development Manager ဖြစ်သူ Aman Kumar က အသိပေးပြောကြားခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top