ဘန်ကောက်မြို့က Bumrungrad ပုဂ္ဂလိကဆေးရုံဟာ (၂၀၀၄) ခုနှစ်တုန်းက အသက် (၉) နှစ်အရွယ် သွေးကင်ဆာဝေဒနာသည်ကလေးငယ်တစ်ဦးကို သွေးသွင်းပေးရာကနေတစ်ဆင့် HIV ပိုးကူးစက်မှုဖြစ်ပေါ်စေခဲ့တယ်လို့ တရားဝင် ဝန်ခံကြေညာသွားခဲ့ပါတယ်။

သွေးသွင်းပေးရာကနေတစ်ဆင့် HIV ပိုးကူးစက်မှုဖြစ်ပေါ်စေခဲ့တယ်လို့ တရားဝင် ဝန်ခံကြေညာသွားခဲ့
အခုအချိန်မှာတော့ လူနာက အသက် (၂၄) နှစ်အရွယ်ရှိနေပြီး Bumrungrad ဆေးရုံက (၁၅) နှစ်လုံးလုံး အဲဒီလူနာအတွက် HIV ကုသမှု အခမဲ့ဆောင်ရွက်ပေးခဲ့သလို နောက်ထပ်လည်း အခမဲ့ကုသပေးသွားမယ်လို့ ဆိုထားပါတယ်။

HIV ပိုးကူးစက်ခံရဖွယ်ရှိတဲ့အချိန်ကာလနဲ့ ဆေးစစ်ချက်အမှန်မထွက်ပေါ်သေးခင်အချိန်ကာလကြား (Window Period) မှာ လှူထားတဲ့သွေးကိုသွင်းပေးခဲ့မိ
ဆေးရုံဟာ ပုံမှန်အားဖြင့်တော့ လိုအပ်တဲ့သွေးတွေကို ထိုင်းကြက်ခြေနီအဖွဲ့အစည်းရဲ့ အမျိုးသားသွေးလှူဘဏ်ဌာနကနေ ရယူလေ့ရှိပြီး အခုလိုဖြစ်ခဲ့ရတာက HIV ပိုးကူးစက်ခံရဖွယ်ရှိတဲ့အချိန်ကာလနဲ့ ဆေးစစ်ချက်အမှန်မထွက်ပေါ်သေးခင်အချိန်ကာလကြား (Window Period) မှာ လှူထားတဲ့သွေးကိုသွင်းပေးခဲ့မိတာကြောင့်လို့ သိရပါတယ်။
Ref: Bangkok Post “Bumrungrad Admits to HIV infection from blood donation ”
AI (ရိုးရာလေး)