ကွန်ပျူတာကို အကြာကြီးကြည့်ရင် မျက်တောင်ခပ်တဲ့အကြိမ်နှုန်း နည်းလာပြီး မျက်လုံးပျက်စီးနိုင်

com.png

တိုးတတ်လာတဲ့နည်းပညာရဲ့ ကျေးဇူးတွေကြောင့် အလုပ်လုပ်ရတာ လွယ်ကူလာ၊ မြန်ဆန်လာပေမယ့်လည်း တစ်ဖက်မှာ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ကွန်ပျူတာမျက်နှာပြင်ကို နာရီအကြာကြီး စိုက်ကြည့်မယ်တယ်ဆိုရင် မျက်လုံးခြောက်သွေ့ပြီး အမြင်မှုန်ဝါးလာနိုင်ပါတယ်။ လူတွေဟာ (၁) မိနစ်မှာ အကြိမ် (၂၀) မျက်တောင်ခတ် လေ့ရှိပေမယ့်လည်း ကွန်ပျူတာကို အာရုံစိုက်တဲ့အခါမှာ မျက်တောင်ခပ်တဲ့ အကြိမ်အရေအတွက် လျော့ကျသွားတယ်လို့ သိရပါတယ်။

မျက်တောင်ခပ်တဲ့ အကြိမ်အရေအတွက် နည်းလာတဲ့အခါမှာ မျက်လုံး ခြောက်သွေ့တာ၊ မျက်လုံး အကြောတွေ တင်းမာတာ၊ အမြင်မှုန်ဝါးတာ နဲ့ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာနဲ့ နေ့တိုင်း အလုပ်လုပ်ရတဲ့သူတွေက တစ်နေ့ကို အနည်းဆုံး (၅) နာရီခွဲလောက် ကွန်ပျူတာကို အသုံးပြုရတဲ့ အတွက်ကြောင့် မျက်လုံးနာကျင်တာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာအသုံးပြုသူအများစုက ခေါင်းကိုက်တာ နဲ့ အမြင်မှုန်ဝါးတာတွေ ပိုပြီး အဖြစ်များကြပါတယ်။

စစ်တမ်းကောက်ပြီး လေ့လာချက်အရ လူ (၃၆) ရာခိုင်နှုန်းက တစ်နေ့မှာ ကွန်ပျူတာကို မဖြစ်မနေ အသုံးပြုရကြောင်း၊ လူ (၄) ယောက်ထဲက (၂) ယောက်ကတော့ ကွန်ပျူတာမှာ နောက်ဆုံးမြင်ခဲ့တာကို ပြန်မမှတ်မိကြောင်း ဆိုထားပါတယ်။ ရုံးတတ်အလုပ်လုပ်တဲ့အခါမှာ ရုံးက မီးအလင်း နဲ့ လေအေးပေးစက်တွေကလည်း မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် မျက်လုံးမထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုပြီး မေးစရာ ရှိလာပါတယ်။

မျက်စိဆရာဝန် ဆာဘရီနာ ရှက် ဒီဆိုင်း (Sabrina Shah Desai) က “ကွန်ပျူတာရဲ့မျက်နှာပြင်တွေက ကိုယ်တွေရဲ့အသက်ကို အန္တရာယ် ပေးနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မျက်လုံးတွေကို ဂရုစိုက်ဖို့နဲ့ ကွန်ပျူတာရဲ့မျက်နှာပြင်ကြည့်တာကို ပုံမှန်အနားပေးဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။ အခုခေတ်မှာက ဘာအလုပ်ပဲလုပ်လုပ် ကွန်ပျူတာ အသုံးပြုတတ်ဖို့ လိုအပ်နေပြီး မျက်လုံးကို မထိခိုက်အောင် အသုံးပြုတတ်ဖို့ အရေးကြီးလာပြီးဖြစ်ပါတယ်။

Ref: The Sun “Long hours staring at computers can damage eyes due to lack of blinking, experts warn”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top