ထိုင်းလိဂ်-၁ က အောင်ကောင်းမန်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးကိစ္စ တိုင်ပင်နေ

yyl-032-12.jpg

ထိုင်းလိဂ်-၁ ပြိုင်ပွဲမှ ကလပ်အသင်း တစ်သင်းက တိုက်စစ်မှူး အောင်ကောင်းမန်ကို ခေါ်ယူဖို့အတွက် လက်ရှိအသင်းဖြစ်တဲ့ ဧရာဝတီယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေးကိစ္စ တိုင်ပင်နေတယ်လို့ အောင်ကောင်းမန်က ပြောပါတယ်။

”ဧရာဝတီအသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ တိုင်ပင်နေတယ်။ ကမ်းလှမ်းထားတဲ့အသင်းက ထိုင်းလိဂ်-၁ ကပါ။ အသင်းကိုတော့ ပြောပြလို့ မရသေးဘူး။ သေချာရင် အားလုံးကို ပြောပြပါမယ်”လို့ အောင်ကောင်းမန်က ပြောပါတယ်။ အခုကမ်းလှမ်းထားမှု အဆင်ပြေ၊ မပြေဆိုတာက လက်ရှိအသင်းပိုင်ရှင်ဥက္ကဋ္ဌအပေါ်မှာ မူတည်ပြီး အဆင် မပြေဘဲ ဧရာဝတီအသင်းမှာ ဆက်ကန်ရမယ်ဆိုရင်လည်း အကောင်းဆုံးကြိုးစားသွားမယ်လို့ အောင်ကောင်းမန်က ဆိုပါတယ်။

”အသင်းပိုင်ရှင်အပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုလုပ်မလဲပေါ့။ အဆင်မပြေလည်း ပြဿနာတော့ မရှိပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်လုပ်မယ်ဗျာ”လို့ အောင်ကောင်းမန်က ပြောပါတယ်။

သူ့အနေနဲ့ အခုကမ်းလှမ်းမှုသာ အောင်မြင်မယ်ဆိုရင် အခြားကစားသမားတွေလို ပထမဆုံးအနေနဲ့ တစ်နှစ်သွားရောက်ကစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီတစ်နှစ်မှာ ကိုယ်ဘယ်လောက်ထိလုပ်ပြနိုင်မလဲ အပေါ်မှာမူတည်ပြီး အပြောင်းအလဲတွေ ဖြစ်သွား နိုင်တယ်လို့လည်း အောင်ကောင်းမန်က ဆိုပါတယ်။

မြန်မာ ယူ-၂၂ အသင်း တိုက်စစ်မှူး အောင်ကောင်းမန်ဟာ မကြာသေးခင်က ကျင်းပတဲ့ အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ပွဲစဉ်တိုင်း ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဓါတ်ပုံ – MFF
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top