Daegu မြို့မှာရှိတဲ့ Keimyung တက္ကသိုလ်နယ်မြေက အရမ်းလှတဲ့အတွက်တောင်ကိုရီးယားနိုင်ငံရဲ့ကျော်ကြားတဲ့ရုပ်ရှင်တွေဆို ဒီမှာပဲ လာရောက်ရိုက်ကူးကြပါတယ်။
တကယ်တော့ ဒီနေရာမှာ ရုပ်ရှင် နှင့်ဒရာမာပေါင်း၁၀၀ကျော် လာရောက်ရိုက်ကူးထားတာပါ။ဒီတက္ကသိုလ်မှာ လာရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားစာရင်းတွေ ကိုကြည့်ရအောင်..။
၁။ Love Rain
Jang Geun Suk နှင့် Yoona တို့ရဲ့ ချစ်ဇာတ်လမ်းစခဲ့တဲ့ ကျောင်းအဖြစ် ကျောရိုးချရိုက်ကူးခဲ့ပါတယ်။
၂။ Ditto
၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့ပြီး ကင်ဟာနူး ၊ ပက်ခ်ယောင်ဝူး ၊ ကင်မင်းဂျူ ၊ ယူဂျီတေး နှင့် ဟာဂျီဝန်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့ ဇာတ်ကွက်တော်တော်များများက ဒီတက္ကသိုလ်မှာပဲရိုက်ကူးခဲ့တာပါ။
၃။ Boys Over Flowers
F4ကားထဲက ရှင်းဟွာအထက်တန်းကျောင်းဆိုတာကတောင်ကိုရီးယားနိုင်ငံ Daegu မှာရှိတယ်ဆိုတာ ဘယ်သူကသိမလဲနော်။
၄။ Hourglass
၁၉၉၅ ခုနှစ်က ချွဲမင်ဆိုး ၊ ဂိုဟွန်းဂျွန် ၊ ပက်ခ်ဆန်ဝန်းတို့ကို ကျော်ကြားစေခဲ့တဲ့ဇာတ်လမ်းတွဲလေးကိုဒီတက္ကသိုလ်နယ်မြေထဲမှာပဲရိုက်ကူးခဲ့တာပါ။
၅။ East of Eden
၂၀၀၈ ခုနှစ်မှာကိုရီးယားယွမ် ၂၅ သန်းရရှိစံချိန်တင်ခဲ့တဲ့ ဒီဇာတ်ကားမှာ ဆောင်းဆန်ဟွန်း ၊လီဒါဟေးနှင့်လီယွန်ဟီးတို့ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ထုတ်လုပ်သူကလည်းတကယ့်နေရာကောင်းကိုရွေးချယ်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။
Ref: Koreaboo: This Korean University Is So Beautiful Over 100 Films Have Been Filmed There
May Moe (ရိုးရာလေး)