အသားဖြူသူများနဲ့ လိုက်ဖက်မှုရှိတဲ့ နှုတ်ခမ်းနီ အရောင်လေးများ

make-up-artist-apply-lipstick-with-brush-beauty-PS9XY4K.jpg

မှန်ကန်တဲ့ နှုတ်ခမ်းအနီအရောင်ကို ရွေးချယ်ဖို့ဆိုတာ တကယ်ကို ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးနိုင်ရင် ပိုမိုလှပတဲ့အသွင်ကို ဖန်တီးပေးနိုင်ပေမဲ့ ကိုယ်နဲ့ မလိုက်ဖက်တဲ့အရောင်ကို ရွေးမိရင်တော့ ပိုမိုဆိုးရွားတဲ့ အပြင်အဆင်ကို ရရှိနိုင်ပါတယ်။

မိတ်ကပ်အရောင်းကောင်တာ ရှေ့ကနေ ဖြတ်သွားတိုင်းမှာ လှပချစ်စရာကောင်းတဲ့ ကာလာလေးများကို ကိုယ့်ကို လက်ရက်လှမ်းခေါ်နေသလိုပါပဲ။ ကောင်တာကို သွားပြီး ကိုယ်မျက်စိကျတဲ့ အရောင်လေးကို ဝယ်ယူလိုက်ပြီး အိမ်ရောက်လို့ မှန်ရှေ့မှာ စမ်းဆိုးကြည့်တဲ့အခါ အရောင်က ကိုယ်ထင်ထားသလို ကိုယ်နဲ့ လိုက်ဖက်မှု မရှိတာကို တွေ့ကြုံဖူးကြမှာပါ။ တကယ်တော့ လက်ခုံပေါ်မှာ ကိုယ်စမ်းခဲ့တဲ့ အရောင်နဲ့ နှုတ်ခမ်းသားပေါ်မှာ ဆိုးတဲ့အရောင်နဲ့ဟာ အလွန်ကို ကွဲပြားခြားနားပါတယ်။

ဒါဟာ အမျိုးသမီးအများစု ဖြစ်တတ်ကျတဲ့ အမှားတွေပါ။ အရောင် ကိုယ်နဲ့ လိုက်ဖက်မှု ရှိ မရှိကို မစဉ်းစားဘဲနဲ့ ကိုယ်မျက်စိကျတဲ့ အရောင်မျိုးတွေကို ရွေးချယ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အသားအရေ အရောင်မျိုးနဲ့ လိုက်ဖက်တဲ့ shade မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ Skin tone အရောင်ကို warm tone နဲ့ cool tone ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ ကိုယ်ဟာ ဘယ်လို skin tone မျိုးလဲဆိုတာ သိရှိနိုင်ဖို့ လက်ကောက်ဝတ်မှာ စမ်းကြည့်နိုင်ပါတယ်။ သွေးကြောလေးများက အစိမ်းရောင်သန်းပုံ ပေါက်ရင် warm tone ဖြစ်ပြီးတော့ အပြာသန်းရင်တော့ cool tone လို့ ဆိုနိုင်ပါတယ်။ နှုတ်ခမ်းနီ အရောင်ကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ တကယ့်နှုတ်ခမ်းအရောင်အလိုက် ခြားနားမှု ရှိပါတယ်။

အသားဖြူသူများအတွက် နေ့စဉ်ဆိုးပေးနိုင်သော နှုတ်ခမ်းနီအရောင်များ

26815425 1620709044671838 6377207378294051515 n

Light Pinks

အရောင်ပျော့ပြီး ပန်းရောင် ဖျော့ဖျော့လေးများဟာ အသားဖြူသူများအတွက် အလွန်ထူးကဲ လှပစေပါတယ်။ ဒီအရောင်ကို ဆိုးလိုက်ရင် အသားအရေကို ချက်ချင်း လင်းလက်မှု ဖြစ်စေပါတယ်။ နေ့စဉ်ဆိုးဖို့အတွက် sheer medium pink အရောင်လေးနဲ့ Mauve shade အရောင် နှုတ်ခမ်းနီလေးများက အကောင်းဆုံးပါပဲ။ သဘာဝအတိုင်း လှပတဲ့ natural look လေးကို လိုချင်တယ်ဆိုရင်တော့ lip liner လေးကို သုံးစရာ မလိုပါဘူးနော်။

26730924 1620710404671702 4769777491939180000 n

Light Browns and Caramels

တကယ်လို့ သင်ဟာ Nude Shade လေးတွေကို သဘောကျသူဆိုရင်တော့ light brown, light mocha နဲ့ caramel တို့လို အညိုဖျော့ဖျော့သန်းတဲ့ Shade လေးများရှိတဲ့ နှုတ်ခမ်းနီလေးတွေကို အသုံးပြုသင့်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့ အညိုရောင် Shade လေးများက အသားဖြူသူများအတွက် ပြည့်စုံတဲ့ လှပမှုကို ပေးစွမ်းနိုင်ပါတယ်။ မျက်ဝန်းများမှာ dark eye နဲ့ smokey eyes ပြင်ဆင်ခြယ်သရာမှာ ဒီအညိုဖျော့ဖျော့ shade နှုတ်ခမ်းနီလေးများနဲ့ လိုက်ဖက်မှု ရှိပါတယ်။

26815347 1620710534671689 6055776254502004981 n

Coral and Peaches

မက်မွန်ရောင် နှုတ်ခမ်းနီလေးများကတော့ အသားဖြူသူများအတွက်သာ ထုတ်လုပ်ထားသလိုမျိုးပါပဲ။ နေ့စဉ်ဆိုးဖို့အတွက် မက်မွန်ရောင် ဖျော့ဖျော့လေးတွေ ရွေးချယ်နိုင်ပြီး Night out မျိုးမှာဆိုရင်တော့ မက်မွန်ရောင် တောက်တောက် shade လေးတွေကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

26814696 1620710654671677 5728772791679128837 n

Beige and Nude Shades

ဝါညိုနုရောင် သို့မဟုတ် သနပ်ခါးရောင် စတဲ့ အသားဆောင်တဲ့ အရောင်များဟာ ဆွဲဆောင်မှု မရှိပုံဖြစ်နေပေမဲ့ အသားဖြူသူများအတွက်တော့ heavy eye makeup လေးနဲ့ တွဲဖက် ဆိုးလိုက်မယ်ဆိုရင်တော့ တကယ့်ကို အပြစ်ပြောစရာ မရှိတဲ့ အလှအပတစ်ခု ဖြစ်နေစေမှာပါ။ ဒီအရောင်လေးက အသားဖြူသူများအတွက် အကောင်းဆုံး Nude shade ဖြစ်ပြီး အသားဖြူသူတိုင်းရဲ့ makeup box လေးထဲမှာ ရှိနေသင့်ပါတယ်နော်။ အသားအရေလေးကိုလည်း ပိုမိုလင်းလက်နိုင်စေပါတယ်။

အသားဖြူသူများအတွက် နှုတ်ခမ်းနီ အရောင်တောက်တောက်များ

ပန်းဖျော့ရောင်၊ မက်မွန်ရောင်၊ သန္တာရောင်လေးများက အသားဖြူသူများအတွက် အကောင်းဆုံးဖြစ်စေသလို အသားဖြူသူ မိန်းကလေးများအတွက် လိုက်ဖက်တဲ့ လှပတဲ့ အရောင်တောက်တောက် နှုတ်ခမ်းနီ အရောင်လေးများနဲ့ နှုတ်ခမ်းသား အလှအပကို ဖော်ကျူးနိုင်ပါသေးတယ်။

26731016 1620710818004994 2093159298488087845 n

True Red

26993603 1620711018004974 4952209272911818329 n

Hot Pink

26991951 1620711128004963 7492037262733771368 n

Bright Orange

လိမ္မော်ရောင်တောက်တဲ့ Shade လေးကို အသားဖြူသူ မိန်းကလေးများ ဆိုးပေးရင် လက်ဖျားခါလောက်တဲ့ လှပမှုကို ပေးစွမ်းနိုင်ပါတယ်။ သိထားရမှာတစ်ခုကတော့ ဖျော့တော့တဲ့ အသားအရေမှာ အရောင်တောက်တဲ့ နှုတ်ခမ်းသားကို ပုံဖော်မယ်ဆိုရင်တော့ နှုတ်ခမ်းနီ ကာလာကို sheer finish မျိုး ရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။ ဒီအရောင်လေးတွေကို စမ်းကြည့်ပြီး ကိုယ့်ရဲ့ ဖျော့တော့ပြီး ဖြူတဲ့ အသားအရေ ပြောင်းလဲမှုကို လက်တွေ့ခံစား ကြည့်လိုက်ပါ။

Ref : Beauty : Smokin’ Hot Lipstick Colors for Fair Skin You’ve Been Longing For

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top