မြန်မာပရိသတ်တွေ တိုက်ရိုက် ကြည့်ရှုလို့ရမယ့် ၂၇ ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲ အစီအစဉ်

9b4ba2f1481351e874dab85fe0c4210c.jpg

မြန်မာနိုင်ငံက K-Pop ပရိသတ်တွေအတွက် အထူးသတင်းကောင်းလေး ပြောပြချင်ပါတယ်။
ဒီလမှာ ၂၇ ကြိမ်မြောက် ဆိုးလ်ဂီတ ဆုပေးပွဲ ရှိပါတယ်။ ဒီပွဲကို Sports Seoul က ကြီးမှူးပြုလုပ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတနယ်ပယ်တစ်ဝန်းက ထူးချွန်သူတွေကိုသာ နှစ်စဉ် ရွေးချယ် ချီးမြှင့်နေတဲ့ပွဲပါ။

ဒီပွဲကို နှစ်သစ်လက်ဆောင်အနေနဲ့ မြန်မာပရိသတ်တွေဆီ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ့် အက်ပလီကေးရှင်းကတော့ JOOX ပါ။ JOOX ဆိုတာ တောင်ကိုရီးယား MAMA, MMA ဆုပေးပွဲများနှင့် BIGBANG ဖျော်ဖြေပွဲများကို သီးသန့် တိုက်ရိုက် ထုတ်လွှင့်ပေးနေတဲ့ အခမဲ့ သီချင်း အက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက် ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။

ဒီဆုပေးပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆိုးလ်မြို့မှာ ကျင်းပ ပြုလုပ်သွားမှာပါ။ မြန်မာ K-Pop ပရိသတ်တွေကတော့ JOOX ရှိရုံနဲ့ အိမ်ကနေ ဒီဆုပေးပွဲကို ဇိမ်လေးနဲ့ ထိုင်ကြည့်ရုံပါပဲ။
ဆုပေးပွဲမှာ ဆန်ကာတင် စာရင်းဝင် နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ BTS, EXO, IU, MONSTA X, Red Velvet, TWICE, Wanna One နှင့် WINNER တို့ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ JOOX အက်ပလီကေးရှင်းမှတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး JOOX အက်ပလီကေးရှင်းပေါ်က မိမိတို့ရဲ့ အချိန်ဇယားပြ စာမျက်နှာမှာ တိုက်ရိုက်ဆုပေးပွဲ အစီအစဉ်ကို ထည့်သွင်းပြီး ကြိုတင်စာရင်းပေးထားဖို့တော့ လိုမှာပါ။

ဒါ့အပြင် အထူးပရိုမိုးရှင်းအနေဖြင့် JOOX အက်ပလီကေးရှင်းမှာ ၂၇ ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲ၏ ဆန်ကာတင်စာရင်းဝင် Playlist, ၂၀၁၇ ခုနှစ်၏ အကျော်ကြားဆုံး K-Pop သီချင်းများနှင့် MMA နှင့် MAMA တို့မှ Playlist များကို Discover တွင် playlist ဟု ရိုက်နှိပ်ရှာဖွေပြီး နားဆင်နိုင်ပါတယ်။ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပြည်တွင်းနှင့် နိုင်ငံတကာမှ အနုပညာရှင်များရဲ့ သီချင်းများကိုလည်း မည်သည့်နေရာ၊ မည်သည့်အချိန်မှာမဆို အမြဲမပြတ် ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။

JOOX မှ ထပ်မံပေးသွားမယ့် စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းများကို စောင့်မျှော်ရယူဖို့ Apple App Store နှင့် Google Play Store တို့မှတစ်ဆင့် JOOX ကို ဒေါင်းလော့ဒ် ရယူ၍သော်လည်းကောင်း JOOX ဝက်ဘ်ဆိုဒ် http://www.joox.com/ မှ တစ်ဆင့်သော်လည်းကောင်း သီချင်းများနှင့် တိုက်ရိုက် ဖျော်ဖြေမှုများကို အခမဲ့ နားဆင်ခံစား ကြည့်ရှုနိုင်မှာပါ။

ဒေါင်းလော့ဆွဲရန်- Google Play Store: https://goo.gl/r6Lck3
Apple App Store : https://goo.gl/Jkk3cF

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top