Sunday Times ရဲ့ အသက် (၃၀) အောက် အချမ်းသာဆုံးလူငယ်ဂီတပညာရှင်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အက်ဒ်ရှီရန်

14-5-2020-yyl-017.jpg

နာမည်ကြီးလူငယ်ဂီတပညာရှင် အက်ဒ်ရှီရန်က သူ့ရဲ့အသားတင်ဝင်ငွေမှာ ပေါင် သန်း (၄၀) တိုးလာပြီးတဲ့နောက် Sunday Times Rich List ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အက်ဒ်ရှီရန်က အသက် (၂၉) နှစ်သာရှိသေးတဲ့အတွက် UK မှာ အသားတင်ဝင်ငွေ ပေါင် သန်း (၂၀၀) ရှိတဲ့ အသက် (၃၀)အောက် အချမ်းသာဆုံးဂီတပညာရှင်ဖြစ်လာခဲ့တာပါ။

သူက ပေါင် (၁၃၇) သန်း အပြတ်အသတ်နဲ့ ဟယ်ရီစတိုင်ကို အနိုင်ရခဲ့ပြီး ဟယ်ရီစတိုင်က ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ အက်ဒ်ရှီရန်ဟာ ဂီတဇယားတွေမှာ သူ့သီချင်းနဲ့အယ်လ်ဘမ်တွေက ထိပ်ဆုံးမှာရပ်တည်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ်က UKရဲ့ Artist of the decade ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ အက်ဒ်ရှီရန်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဂီတကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ သူက ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကနေ အနားယူထားစဉ်မှာ သူ့ရဲ့ဘားနဲ့ စားသောက်ဆိုင်တွေကို ဦးစီးနေတုန်းပါပဲ။

ဒီအချမ်းသာဆုံးလူငယ်ဂီတပညာရှင်စာရင်းမှာ One Direction အဖွဲ့ဝင်ဟောင်း (၅) ဦးလုံး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဟယ်ရီစတိုင်က ပေါင် (၆၃) သန်းနဲ့ နံပါတ် (၂) နေရာ၊ နီရဲလ်ဟိုရန်က ပေါင် သန်း (၅၀) နဲ့ နံပါတ် (၃)၊ လူးဝစ် တွန်လင်ဆန်က ပေါင် (၄၅) သန်းနဲ့ နံပါတ် (၅)၊ လီယမ်ပိန်းက ပေါင် (၄၄) သန်းနဲ့ နံပါတ် (၆) နဲ့ ဇိန်း မာလိခ်က ပေါင် (၃၆) သန်းနဲ့ နံပါတ် (၇) နာရီ အသီးအသီးရရှိခဲ့ပါတယ်။

ဒူအာ လီပါ နဲ့ ဂျော့ဂျ် အက်ဇရာတို့ကတော့ အခုနှစ်မှာ ဝင်ငွေတိုးလာပြီး အချမ်းသာဆုံးလူငယ်ဂီတပညာရှင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဂျော့ဂျ် အက်ဇရာက ဒူအာလီပါလိုပဲ အခုနှစ်မှာကြွယ်ဝချမ်းသာမှုက ပေါင် (၁၆) သန်း တိုးလာတဲ့အတွက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ အသက် (၃၀) အထက် UK ရဲ့အချမ်းသာဆုံးဂီတပညာရှင်စာရင်းမှာတော့ အဆိုတော်ရီဟာနာက ကြွယ်ဝချမ်းသာမှု ပေါင် (၄၆၈) သန်းနဲ့ နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။ သူအခုလို အသားတင်ဝင်ငွေများပြီး အချမ်းသာဆုံးလူငယ်စာရင်းမှာ ရပ်တည်နိုင်ခဲ့တာဟာ သူ့ရဲ့ဖက်ရှင်နဲ့ အလှကုန်ပစ္စည်းတံဆိပ်တွေရဲ့အောင်မြင်မှုကလည်း တစ်စိတ်တစ်ပိုင်းပါဝင်တယ်လို့ ဆိုရမှာပါပဲ။

Ref: Ed Sheeran tops young musicians Sunday Times Rich List with fortune of £200 million

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top