မင်္ဂလာပွဲဓာတ်ပုံ ရိုက်ကူးနေတုန်း မြွေပေါက်ခံရလို့ သတို့သားဆေးရုံရောက်

wedding.gif

ရှုခင်းလှပတဲ့နေရာမှာ မင်္ဂလာပွဲအထိမ်းအမှတ်ဓာတ်ပုံရိုက်နေတုန်း မြွေပေါက်ခံရတဲ့သတို့သားဟာ ဆေးရုံရောက်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်က ဂျွန်နီနဲ့ လော်ရာတို့စုံတွဲဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘုရားကျောင်းမှာ လက်ထပ်ပွဲကျင်းပခဲ့ပြီး ဧည်ခံပွဲကျင်းပရာနေရာကို မသွားခင် ရှုခင်းလှပတဲ့ဆည်မှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

မြက်တောလမ်းမှာ သတို့သားနဲ့သတို့သမီး လက်ချင်းချိတ်လမ်းလျှောက်တဲ့ပုံရိုက်နေတုန်း သတို့သားဟာ ခလောက်မြွေကိုက်ခံခဲ့ရပြီး အရေးပေါ်လူနာတင်ကားနဲ့ ဆေးရုံပို့ခဲ့ရပါတယ်။ ဒါပေမဲ့ နာရီပိုင်းအကြာမှာပဲ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပြီး ညဘက်ကျင်းပခဲ့တဲ့မင်္ဂလာဧည့်ခံပွဲမှာ သတို့သမီးနဲ့တွဲကခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top