ပရိသတ်တစ်ယောက်အတွက် ဟိမဝန္တာထိ လက်ဆောင်ပို့ပေးခဲ့တဲ့ ဂျေကေရိုးလင်း (J.K.Rowling)

we_all_know_the_magic_jk_rowling_and_her_writings_are_anyone_who_has_read_her_harry_potter_series_h_1529843102_725x725.jpg

တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဟယ်ရီပေါ်တာ ဆိုတဲ့ ကောင်လေးအကြောင်း ဖြစ်လာအောင် ဖန်တီးရေးသားခဲ့သူ ဂျေကေရိုးလင်းက မိုင်တွေ အများကြီးဝေးတဲ့ ဟိမဝန္တာဒေသက ပရိသတ်အတွက် လက်ဆောင်ပါဆယ် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ နေထိုင်တဲ့ ကူဆမ်ဘန်နိုဘတ် (Kulsum BanoBatt) လို့ခေါ်တဲ့ ၁၂ နှစ် အရွယ်ကောင်မလေးက ဂျေကေရိုးလင်းကိုယ်တိုင် ပို့ပေးတဲ့ အထူးလက်ဆောင်ကို ရရှိခဲ့တာပါ။

ကူဆမ်က ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲကို ရေးသားပေးတဲ့ စာရေးဆရာမအကြောင်းနဲ့ သူမကိုဘယ်လိုအားကျ လေးစားတယ်ဆိုတဲ့ အကြောင်း စာစီစာကုံး ရေးသားခဲ့တာပါ။ ကူဆမ်ရဲ့ စာစီစာကုံးကို ဆရာမ ဆပ်ဘပ်ဟာဂျီ (Sabbah Haji) က တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး တွစ်တာအသုံးပြုတာများတဲ့ ဂျေကေရိုးလင်းက ဒါကို ချက်ချင်းတွေ့မိသွားတဲ့အခါ ဆရာမရဲ့ ပို့စ်အောက်မှာ ပြန်စာရေးသားခဲ့ပါတယ်။ ကူဆမ်ရဲ့ နာမည်အပြည့်အစုံကို မေးပြီး လက်ဆောင်တစ်ခုခု ပို့ပေးချင်ကြောင်းရေးသားခဲ့တာဖြစ်ပါတယ်။

လက်ဆောင်ပါဆယ်ရောက်လာချိန်မှာတော့ ကူဆမ်တစ်ယောက် အပျော်ကြီးပျော်နေခဲ့ပါတယ်။ ကူဆမ်ရဲ့ ဆရာမကတော့ အတန်းသားတွေနဲ့ လက်ဆောင်ပါဆယ်ဖွင့်ဖောက်နေတဲ့ ကူဆမ်ရဲ့ပုံတွေ တပြုံကြီးတင်ပြီး လက်ဆောင်ဗူးကြီးထဲမှာ လက်ရေးမူစာတစ်စောင်၊ စာလုံးတွေရေးထွင်းထားတဲ့ စာအုပ်တစ်အုပ်နဲ့ ဇာတ်လမ်းတွဲထဲက အရုပ်တွေ အများကြီး ထည့်ပေးလိုက်ကြောင်း တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

လက်ဆောင်ရောက်မှရောက်ပါ့မလား စိတ်ပူနေခဲ့ပေမဲ့ အခုလို ချောချာမွေ့မွေ့ ရောက်တာမြင်ရတော့ ဝမ်းသာပါတယ်ဆိုပြီး ဂျေကေရိုးလင်းက ပြန်စာ ရေးသားခဲ့ပါတယ်။

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ စာအုပ်ကို ဘာသာစကား ၆၈ မျိုးနဲ့ ပြန်ဆိုပြီး တစ်ကမ္ဘာလုံးအနှံ့ အုပ်ရေသန်း၄၀၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာတောင် ကမ္ဘာကြီး တစ်ထောင့်တစ်နေရာက ပရိသတ်အတွက် ငွေကုန်ကြေးကျ အများကြီးခံပြီး လက်ဆောင်ပို့ပေးခဲ့တဲ့ ဂျေကေရိုးလင်းကတော့ လေးစားစရာကောင်းပါတယ်။

မြန်မာနိုင်ငံက ဟယ်ရီပေါ်တာ ပရိသတ်တွေလည်း တွစ်တာပေါ်မှာ ဒီလိုမျိုးရေးတင်ပြီး ဂျေကေရိုးလင်းဆီက တုံ့ပြန်မှု ဘယ်လိုရှိမလည်း စမ်းကြည့်နိုင်ပါတယ်။

Ref: Indiatimes.com “J.K. Rowling sent a present all the way to the Himalayas for a fan”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top