အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါရဲ့လက္ခဏာရပ်တချို့

yyl-031-6.jpg

ရင်ဘတ်အောင့်တာက နှလုံးရောဂါရဲ့လက္ခဏာရပ်ဆိုတာ လူတိုင်းသိထားကြပါတယ်။ ရုပ်ရှင်တွေထဲမှာဆိုရင်လည်း အမျိုးသားတစ်ဦးက နှလုံးရောဂါဖောက်လာတဲ့အခါတိုင်း အသက်ရှုမဝသလို ဖြစ်လာပြီး ရင်ဘတ်ကိုဆုပ်ကိုင်ရင်းနဲ့ မြေပြင်ပေါ်လဲကျသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ အပြင်လောကမှာဆိုရင် ရင်ဘတ်အောင့်တာထက်ပိုတဲ့လက္ခဏာရပ်တွေရှိပါတယ်။ ကျွန်တော်တို့တွေက နှလုံးသွေးကြောဆိုင်ရာပြဿနာတွေရဲ့ လက္ခဏာရပ်တွေကို သိထားဖို့လိုပါတယ်။ အမျိုးသမီးတွေက နှလုံးရောဂါနဲ့ပတ်သက်ပြီး ရင်ဘတ်အောင့်တာအပြင် အခြားလက္ခဏာရပ်တွေလည်း အဖြစ်များတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါရဲ့လက္ခဏာရပ်တချို့ကို သိရှိထားရအောင် ဖော်ပြပေးလိုက်ရပါတယ်။

ရင်ဘတ်ထဲ နေလို့မကောင်းတာ

ဒါက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါရဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ သင့်ရင်ဘတ်တစ်ဝိုက် တင်းကျပ်နေသလိုခံစားရပြီဆိုရင် သတိထားဖို့လိုလာပါပြီ။ နာကျင်မှုက ရင်ဘတ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်တတ်ပါတယ်။

အသက်ရှုရခက်တာ၊

အသက်ရှုရခက်တာကလည်း အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နောက်ထပ်နှလုံးရောဂါလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ အသက်ရှုရခက်တာ၊ အသက်ရှုမဝတာတွေက သင့်နှလုံးမှာ တစ်ခုခုဖြစ်နေတာကို ရည်ညွှန်းနေတာပါ။

ချွေးထွက်တာ

နေပူလို့၊ ပူအိုက်လို့ ချွေးထွက်တာ ပုံမှန်ပေမဲ့ ကောက်ခါငင်ကာကြီး အလွန်အမင်းချွေးထွက်တာက နှလုံးသွေးကြောဆိုင်ရာပြဿနာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာက ညဘက်ချွေးပြန်တာ၊ ပူအိုက်လို့ချွေးထွက်တာနဲ့ ရောထွေးနိုင်တဲ့အတွက် ဂရုစိုက်ဖို့တော့လိုပါတယ်။

လက်မောင်းနှစ်ဖက်လုံး နာကျင်တာ

ရင်ဘတ်နာကျင်တာကို ခံစားဖူးကြပေမဲ့ ညာဖက်လက်၊ ဘယ်ဖက်လက်တွေ နာကျင်လာပြီဆိုရင် သတိထားသင့်ပါတယ်။ ခါးအထက်ပိုင်းမှာ နာကျင်လာပြီးဖို့ဆိုရင် နှလုံးပြဿနာကြောင့်ဖြစ်နိုင်တာကို သတိထားဖို့ အရေးကြီးပါတယ်။ နာကျင်မှုက မူမမှန်တာတွေလည်းဖြစ်နိုင်ပါတယ်။

မူးဝေတာ

မူးဝေ၊ အော့အန်တာတွေက အမျိုးသမီးတွေမှာ အဖြစ်များတဲ့လက္ခဏာရပ်တွေပါပဲ။ နှလုံးရောဂါနဲ့ပတ်သက်တဲ့ဒီလက္ခဏာရပ်တွေက အစာအဆိပ်သင့်လို့ အန်တာနဲ့ ရောထွေးသွားနိုင်ပါတယ်။ သင်ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းနာကျင်ပြီး မူးဝေအော့အန်ပြီးဆိုရင် ချက်ချင်းပဲ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

Ref: Here are some common signs of a heart attack in women

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top