ဥရောပပြိုင်ပွဲသစ်တစ်ရပ် ထပ်မံကျင်းပဖို့ ယူအီးအက်ဖ်အေ အတည်ပြု

yyl-030-7.jpg

ဥရောပကွန်ဖရန့်လိဂ်(European Conference League)အမည်ပေးထားတဲ့ တတိယမြောက် ဥရောပဘောလုံးပြိုင်ပွဲတစ်ရပ် ကျင်းပမယ့်ကိစ္စကို ယူအီးအက်ဖ်အေက အတည်ပြုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကနေ စတင်ကျင်းပမယ့် အဲဒီပြိုင်ပွဲဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တို့ထက် အဆင့်နိမ့်တဲ့ပြိုင်ပွဲဖြစ်ပြီး အဲဒီပြိုင်ပွဲတွေ ကစားသလို ကြားရက်မှာပဲ ကစားသွားမှာပါ။

ကလပ်အသင်းတွေကို ဥရောပပြိုင်ပွဲ ကစားခွင့် ပိုမိုပေးအပ်နိုင်စေဖို့ ရည်ရွယ်ပြီး ယူအီးအက်ဖ်အေက အခုလို ပြိုင်ပွဲသစ် ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာ အသင်း ဘယ်လောက်ပါဝင်ခွင့်ရမလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ အဲဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ခြေစစ်ပွဲကို အနည်းဆုံး အင်္ဂလန်အသင်း တစ်သင်းပါဝင်ခွင့်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကာရာဘောင်းဖလားမှာ ဗိုလ်စွဲတဲ့အသင်း(တခြားလိဂ်တွေရဲ့ ပြည်တွင်းရှုံးထွက်ဖလားမှာ ဗိုလ်စွဲတဲ့အသင်းတွေ)က ဥရောပကွန်ဖရန့်လိဂ်မှာ ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top