Women 2019 ဓာတ်ပုံပြိုင်ပွဲမှာ အကောင်းဆုံး ဓာတ်ပုံရိုက်ချက်တွေနဲ့ မြန်မာဓာတ်ပုံဆရာတွေ ဝင်ရောက်ယှဉ်ပြိုင်ထား

yyl-037-6.jpg

ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံဆရာတွေက အမျိုးသမီးတွေရဲ့ဘဝအကြောင်းကို ဓာတ်ပုံတွေနဲ့အတူ တစ်ကမ္ဘာလုံးကို ချပြလိုက်ပါပြီ။ အဲဒီဓာတ်ပုံဆရာတွေက AGORA ရဲ့ ဓာတ်ပုံပြိုင်ပွဲ Women 2019 ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ AGORA ရဲ့ဓာတ်ပုံပြိုင်ပွဲက ၂၀၁၇ခုနှစ်ကတည်းက ကမ္ဘာတစ်ဝှမ်းကဓာတ်ပုံဆရာတွေကို ဆုအကြီးကြီးတွေချီးမြှင့်ပေးအပ်နေတာဖြစ်ပါတယ်။ အခုဆိုရင် ဝင်ရောက်လျှောက်ထားသူ (၁၂၂၅၀) ကျော်ထဲကမှ ဓာတ်ပုံဆရာအယောက် (၅၀) ကိုရွေးချယ်ခဲ့ပါတယ်။

အရွေးချယ်ခံရတဲ့ ဓာတ်ပုံဆရာအယောက် (၅၀) က “What is a woman” ဆိုတဲ့မေးခွန်းကို ထင်ဟပ်နေအောင် အမျိုးသမီးတွေကို အကောင်းဆုံးရိုက်ကူးယှဉ်ပြိုင်ခဲ့ပါတယ်။ Woman 2019 ဆုကို ရရှိမယ့်သူက ဘယ်သူဖြစ်မလဲ..။ အဲဒီဆုကိုရရှိတဲ့သူက ဆုကြေးငွေ ဒေါ်လာ (၁၀၀၀) ရရှိမှာဖြစ်ပါတယ်။

AGORA က ပရိသတ်တွေ သူတို့ကို ကူညီပြီး မဲပေးအကဲဖြတ်နိုင်ဖို့အတွက် အယောက် (၅၀) ရဲ့အကောင်းဆုံးဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ အဲဒီအယောက် (၅၀) ထဲမှာ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေလည်း ပါဝင်ထားပါတယ်။ မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေက မြန်မာအမျိုးသမီးတွေရဲ့ဘဝကို ပေါ်လွင်အောင် ဘယ်လိုရိုက်ကူးခဲ့လဲဆိုတာ စာဖတ်ပရိသတ်တွေ ကြည့်လို့ရအောင် သူတို့ရဲ့အကောင်းဆုံးပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

My Grandma With Her New Friend

အဘွားတစ်ဦးနဲ့သူ့ရဲ့သူငယ်ချင်း ကြောင်လေးတို့ကို ပေါ်လွင်အောင် ရိုက်ကူးခဲ့တာကတော့ Salai Van Lian Mang ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက အိမ်မွေးတိရစ္ဆာန်တွေက အထီးကျန်မှုကို ကုသပေးတယ်လို့ လေ့လာတွေ့ရှိချက်တော်တော်များများက သက်သေပြခဲ့တာပါ။

Old Ladies

ဓာတ်ပုံဆရာထွန်းပိုင်အောင်က အသက် (၆၅) နှစ်အရွယ် ချင်းအမျိုးသမီးနှစ်ဦးကြားက သူငယ်ချင်းသံယောဇဉ်ကို အသာပေးရိုက်ကူးခဲ့ပါတယ်။

Old Woman

မြန်မာ – ဘင်္ဂလာဒေ့ရှ်နယ်စပ်မှာ နေထိုင်ကြတဲ့ ချင်းမျိုးနွယ်စုတွေက မျက်နှာမှာ တတ်တူးထိုးတဲ့ဓလေ့ရှိခဲ့ပါတယ်။ အိမ်နီးချင်းမျိုးနွယ်စုတွေရဲ့ရန်ကနေ သူတို့ရဲ့သမီးတွေကို ကာကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ မိဘတွေက သူတို့ရဲ့ကလေးတွေရဲ့မျက်နှာကို တတ်တူးထိုးပေးကြပါတယ်။ ဒီလိုတတ်တူးထိုးပေးလိုက်ခြင်းဖြင့် အခြားမျိုးနွယ်စုတွေအတွက် သူတို့ကလေးတွေကို ခိုးယူတာတွေ မဖြစ်အောင်ပါ။ ဒီဓလေ့ကိုတော့ မြန်မာအာဏာပိုင်တွေက ခွင့်မပြုတော့ပါဘူး။ မျက်နှာမှာ တတ်တူးထိုးထားတဲ့အဘွားရဲ့ဓာတ်ပုံနဲ့ ဓာတ်ပုံဆရာရဲပြည့်စိုးလှိုင်က ပြိုင်ပွဲဝင်ထားပါတယ်။

Generation

ပဒေါင်လို့ သိကြတဲ့ကယန်းအမျိုးသမီးတွေက အသက် (၈) နှစ်အရွယ်ကတည်းက ကြေးကွင်းပတ်ကို ရိုးရာအရဝတ်ဆင်ရပါတယ်။ ဓာတ်ပုံဆရာဝတီအေးက ကယန်းလူမျိုးအမေနဲ့သမီးတို့ရဲ့ချစ်စဖွယ်အခိုက်အတန့်လေးကို ပေါ်လွင်အောင် ရိုက်ကူးခဲ့ပါတယ်။

The Women of Bagan

ပန်းယွန်း (ယွန်းထည်) က မြန်မာတို့ရဲ့ရိုးရာလက်မှုပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုဆို ယွန်းထည်လုပ်ငန်းက ပုဂံဒေသမှာ တွင်ကျယ်လုပ်ကိုင်နေကြပါတယ်။ အမျိုးသမီးတစ်ဦး ယွန်းထည်လုပ်နေတဲ့ပုံကို ဓာတ်ပုံဆရာ Saw Fabian က ရိုက်ကူးခဲ့ပါတယ်။

Artistic

ဓာတ်ပုံဆရာဖြိုးမိုး ရိုက်ကူးခဲ့ဓာတ်ပုံကလည်း ယွန်းထည်လုပ်ငန်းလုပ်နေတဲ့အမျိုးသမီးတစ်ဦးကို အသာပေးရိုက်ကူးထားတာပါ။

Traditional Tattoo Face

ဓာတ်ပုံဆရာ လှမိုးနိုင်ကလည်း မျက်နှာမှာ တက်တူးထိုးထားတဲ့ ချင်းအမျိုးသမီးရဲ့ဓာတ်ပုံနဲ့ ယှဉ်ပြိုင်ထားပါတယ်။

Ref: Boredpanda “We Asked Photographers From All Around The World To Showcase Their Best Shots Of Women, And Here Are The Best 50 Entries”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top