တရုတ်ကျောင်းသူ မကွယ်လွန်ခင် လှူဒါန်းငွေရဲ့ အစွန်းထွက်သာ လက်ခံရရှိခဲ့

yyl-015-9.jpg

အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တရုတ်ကျောင်းသူ မသေခင် သူ့ကို လှူဒါန်းထားတဲ့ငွေရဲ့ အစွန်းထွက်လောက်ပဲ ရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် တရုတ်ပြည်သူတွေက ဒေါသထွက်နေကြပါတယ်။ မောင်ဖြစ်သူရဲ့ ဆေးဖိုးအတွက် ပြီးခဲ့တဲ့(၅)နှစ်လုံးလုံး တစ်နေ့ကို (၂)ယွမ်ပဲသုံးပြီး ထမင်းနဲ့ ငရုတ်သီးပဲစားခဲ့လို့ အာဟာရပြတ်လပ်ခဲ့တဲ့ ဝူဟွာယန်ဟာ ပြီးခဲ့တဲ့နှစ်က အသက်ရှုကြပ်တဲ့ဝေဒနာကြောင့် ဆေးရုံရောက်လာခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပေမဲ့ ခန္ဓာကိုယ်အလေးချိန် (၄၃)ပေါင်ပဲရှိတဲ့ တတိယနှစ် တက္ကသိုလ်ကျောင်းသူ ဝူဟွာယန်ဟာ အာဟာရပြတ်လပ်လို့ နှလုံးနဲ့ကျောက်ကပ်ဝေဒနာတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဝူဟွာယန်ကို ကရုဏာသက်ခဲ့သူတွေက ယွမ်ငွေတစ်သန်း(အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀)လှူဒါန်းခဲ့ကြပေမဲ့ သူ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဝူဟွာယန် ကွယ်လွန်သွားခဲ့ပါတယ်။

ဝူဟွာယန် ကွယ်လွန်သွားလို့ ဝမ်းနည်းနေသူတွေဟာ သူ့ဆီကို အလှူငွေအစွန်းထွက်လောက်ပဲ ရောက်တယ်ဆိုတဲ့ သတင်းကြားရချိန်မှာ ဒေါသပေါက်ကွဲခဲ့ကြပါတယ်။ တရားဝင်မှတ်တမ်းတွေအရ ဝူဟွာယန်ရဲ့ဆေးရုံစရိတ်အတွက် ယွမ် ၂၀,၀၀၀ ပဲ ပေးခဲ့တာ တွေ့ရပါတယ်။ ဝူဟွာယန်အတွက် လှူဒါန်းခဲ့တဲ့ငွေတွေကို တရုတ်နိုင်ငံ ကလေးငယ်များ ပရဟိတထောက်ပံ့ကူညီရေးဖောင်ဒေးရှင်း(CCAFC)လက်အောက်မှာရှိတဲ့ Charity 9958 က လက်ခံရယူခဲ့တာဖြစ်ပါတယ်။ ဝူဟွာယန်ကို နှလုံးခွဲစိတ်မှုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ နှလုံးခွဲစိတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဝူဟွာယန်ဟာ နှလုံးခွဲစိတ်နိုင်လောက်တဲ့ ခန္ဓာကိုယ်အလေးချိန်မျိုး မရှိခဲ့လို့ ခွဲစိတ်မှုမလုပ်နိုင်ခဲ့တာပါ။ ဝူဟွာယန် ကွယ်လွန်ချိန်မှာ ခန္ဓာကိုယ်အလေးချိန် ၃၀ ကီလိုဂရမ်အောက်ပဲရှိပါတယ်။ မိဘမရှိတဲ့ ဝူဟွာယန်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့မောင်လေးလို အမကြီး အမိရာအဖြစ် စောင့်ရှောက်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top