ကိုဗစ်ကာကွယ်ဆေးမထိုးနှံချင်တဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်

17-6-2021-yyl-37.jpg

Pimlico Plumbers ပိုက်ဆက်၊ ပိုက်ပြင်ကုမ္ပဏီရဲ့ စီးအီးအိုဖြစ်သူ ချာလီ မူလင်စ် (Charlie Mullins) ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်တဲ့ ဘယ်ဝန်ထမ်းကိုမဆို အလုပ်ကနေထုတ်ပစ်ဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက လူအဖွဲ့အစည်းမှာ မပါဝင်ချင်တဲ့၊ နိုင်ငံကောင်းဖို့အတွက် လုပ်ဆောင်နေတာတွေကို အတိုက်အခံလုပ်နေတဲ့ လူတွေကို အပြစ်ပေးသွားမယ်လို့ ဆိုပါတယ်။

ချာလီက ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ထိုးနှံမယ့် ကိုဗစ်ကာကွယ်ဆေးကို ငြင်းဆန်မယ့် ဘယ်ဝန်ထမ်းမဆို သူတို့ဘာကြောင့် မထိုးရတာလဲဆိုတဲ့ ကျန်းမာရေးအကြောင်းပြချက်မပေးနိုင်ဘူးဆိုရင် ကုမ္ပဏီကနေ ဝန်ထမ်းအဖြစ်ကနေ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ “ကာကွယ်ဆေးမထိုးချင်တဲ့ လူတွေကို အလုပ်ထုတ်ပစ်တာက အတော်လေး ပြင်းထန်တဲ့ပေမဲ့ အများကောင်းဖို့အတွက်ပါ။

ကာကွယ်ဆေးတွေမှာ လူ့အဖွဲ့အစည်းကို ကောင်းဖို့အတွက် ကိရိယာတစ်ခုရှိပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတိုင်းကိုဖွင့်လှစ်ပေးနိုင်တဲ့ကိရိယာရှိတယ်၊ ဒါကြောင့် လူတိုင်း ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ အဲဒီ သူရဲဘောကြောင်တဲ့ သူတွေကို နိုင်ငံကို ကြည့်နေတာ ပျော်တဲ့ တစ်ကိုယ်ကောင်းသမားတွေအဖြစ် သတ်မှတ်သင့်တယ်” လို့ ချာလီက ဆိုပါတယ်။ “လူ့အဖွဲ့အစည်းမှာ မပါဝင်ချင်ဘူးဆိုရင် အဲဒါကတော့ သူတို့ရဲ့ကိစ္စပါ။ အဲဒီလူတွေက ကျွန်တော်တို့အားလုံး အလုပ်သွားနေစဉ် အိမ်ထဲမှာပဲ နေပြီး Xbox ကစားနေလိုက်ပါ” လို့လည်း ပြောပါတယ်။

ချာလီက အင်္ဂလန်က ကျန်းမာရေးစောင့်ရှောက်ရေးဂေဟာရဲ့ ဝန်ထမ်းတွေ ကာကွယ်ဆေးမဖြစ်မနေထိုးရမယ်ဆိုတာကိုလည်း လိုက်နာဖို့ သုံးသပ်ပြောဆိုထားပါတယ်။ “ကိုဗစ်က စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေကို မသိသလို နားလည်းမလည်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လုပ်သင့်တာပဲ။ ကာကွယ်ဆေးထိုးနှံတာကို မဖြစ်မနေ လုပ်သင့်တာပါ။ ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့သူတွေက မှားတယ်”လို့ ချာလီက ဆိုပါတယ်။

အခုနှစ်အစောပိုင်းလောက်က ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်တဲ့အလုပ်သမားတွေကို အလုပ်ထုတ်ပစ်နိုင်တယ်ဆိုတဲ့ သတင်းကိုလည်း အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန် (Boris Johnson) ရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူကတော့ ကာကွယ်ဆေးထိုးနှံတာကို မဖြစ်မနေ လုပ်ဆောင်ရမယ်လို့မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးဖို့ တစ်စုံတစ်ယောက်ကို တွန်းအားပေးရင် လူတစ်ဖက်သားကို နှိမ်ချဆက်ဆံသလို ဖြစ်ပါလိမ့်မယ်” လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Ref: Ladbible”Boss Plans To Fire Staff Who Refuse To Have Coronavirus Vaccine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top