တစ်ရက် (၆) နာရီ နေ့စဉ်ဖုန်းပြောလို့ ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ

c1.gif

ဗြိတိန်နိုင်ငံမှ အသက် (၄၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ian Phillips အမည်ရ အမျိုသားတစ်ဦးဟာ ဦးနှောက်ကင်ဆာဖြင့် ယခုရက်ပိုင်းလေးတင် သေဆုံးခဲ့ ပါတယ်။

သူသေဆုံးရတဲ့အကြောင်းရင်းအနေဖြင့် တစ်ရက်ကို နေ့စဉ် (၆) နာရီ နှစ်တော်ကြာဖုန်းပြောခဲ့ခြင်းကြောင့် ဖြစ်ကြောင်းဆိုပါတယ်။

သူဟာ ဦးနှောက်ကင်ဆာရှိနေပြီဖြစ်ကြောင်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ဟာ တယ်လီဖုန်းကနေ ဖောက်သည်များကို နေ့စဉ်စကားပြောဆိုရတဲ့အလုပ်အမျိုးစားဖြစ်ပြီး တစ်ရက်ကို ပျမ်းမျှအားဖြင့် (၆) နာရီလောက် ပြောရပါတယ်။ ယင်းသို့ပြောဆိုခြင်းကို နေ့စဉ်လုပ်ရပြီး တစ်လကို နာရီပေါင်း (၁၀၀) မက ပြောနေရပါတယ်။ နှစ်အတော်ကြာလာတဲ့အခါ ၂၀၁၅ နှစ်ဆန်းရောက်တော့ နားမှာအနီရောင်အကွက်တွေ ဖြစ်လာပြီး နေရထိုင်ရမသက်သာတော့တာကြောင့် ဆေးစစ်တဲ့အခါ ကင်ဆာ ရှိကြောင်း သိခဲ့ရပါတယ်။ ကင်ဆာအကြိတ်ဟာ သံပုရာသီးအလုံးအရွယ်အစားလောက်ကို ရှိနေကြောင်းဆိုပါတယ်။

ဒါကြောင့် သူဟာ တစ်နှစ်ဝန်းကျင်သာ အသက်ရှင်ရတော့မယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းအသုံးပြုခြင်းဟာ ဦးနှောက်ကင်ဆာကိုဖြစ်ပေါ်စေကြောင်း သူမသေခင် လပိုင်းအတွင်း campaignများလုပ်ပြီး လှုပ်ရှားခဲ့ပါတယ်။

မိုဘိုင်းဖုန်းကနေ ထုတ်လွင့်တဲ့ Radiation (ရောင်ခြည်ဖြာထွက်မှု) ဟာ တကယ်ပဲ ဦးနှောက်ကင်ဆာကိုဖြစ်ပွားရန် အားများသလားဆိုတာ ဆေးပညာရှင်များသက်သေမပြနိုင်သေးတဲ့အကြောင်းရာ တစ်ခု ဖြစ်ပါတယ်။ radiation နည်းအောင် စံနှုန်းအားဖြင့် ထုတ်လုပ်ရန် နိုင်ငံအသီးသီးမှာအဖွဲ့စည်းများရှိနေပြီး ယင်း သတ်မှတ်ထားတဲ့စံနှုန်းအောက်ဖုန်းတွေတောင် ကင်ဆာဖြစ်စေသလား ဆိုတာ အငြင်းပွားစရာ ဖြစ်လာပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top