တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် အီလွန်မက်စ် ရွေးချယ်ခံရ

14.12.2021yyl8.jpg

၂၀၂၁ ခုနှစ်ကတော့ အီလွန်မက်စ်ရဲ့နှစ်ပါ။ Tesla လျှပ်စစ်ကားကုမ္ပဏီက ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကားကုမ္ပဏီ ဖြစ်လာခဲ့သလို Space-X ကုမ္ပဏီကလည်း အမေရိကန်အာကာသယာဉ်မှူးတွေကို (၁၉၇၂) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို ပို့ဆောင်ဖို့ နာဆာနဲ့ သီးသန့်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် အီလွန်မက်စ်ကို ရွေးချယ်ခဲ့ပါတယ်။ Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁ ထရီလျံအထိ ထိုးတက်သွားခဲ့ပြီး ကားလောကဥလျှောင်တွေဖြစ်တဲ့ Ford Motor (F.N) နဲ့ General Motors (GM.N) ကုမ္ပဏီ (၂)ခုပေါင်းတန်ဖိုးထက်တောင် ပိုများသွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့ ကိုယ်ပိုင်အိမ်တစ်လုံးမရှိတဲ့ အီလွန်မက်စ်ဟာ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ စတော့ရှယ်ယာဈေးကွက်ကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နိုင်စွမ်းရှိသူပါ။ အီလွန်မက်စ်ဟာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကယ်လီဖိုးနီးယားပြည်နယ်အာဏာပိုင်တွေရဲ့ စည်းမျဉ်းတွေကို သဘောမကျလို့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ သူ့ရဲ့အိမ်ခြံမြေအားလုံးကို ရောင်းထုတ်ပြီး တက္ကဆက်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့လို့ ကိုယ်ပိုင်အိမ်မရှိသေးတာပါ။ လက်ရှိ သူ နေနေတဲ့ အိမ်ကတော့ အခမ်းအနားတွေ ကျင်းပဖို့ အသုံးပြုတဲ့ နေရာဖြစ်ပါတယ်။

” လက်ရှိအကျပ်အတည်းတွေအတွက် အဖြေရှာပေးတာ၊ နည်းပညာခေတ်ရဲ့ ဖြစ်နိုင်ခြေတွေ၊ ခြိမ်းခြောက်မှုတွေကို ထင်သာမြင်သာ ရှိစေတာ၊ ကားလောကမှာ အရဲရင့်ဆုံးနဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံး ပြောင်းလဲမှုတွေ လုပ်ပေးခဲ့တာကြောင့် အီလွန်မက်စ်ကို ၂၀၂၁ ခုနှစ်ရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့တာပါ” လို့ တိုင်းမ်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် အက်ဒ်ဝပ်ဖယ်ဆန်သယ်က ပြောပါတယ်။

Ref: Reuters & Times “Elon Musk named Time’s 2021 ‘Person of the Year'”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top