Facebook နှင့် အူရီဒူး တို့ ပူးပေါင်းစီစဉ်သည့် ဗန်ကားများဖြင့် မြန်မာနိုင်ငံရှိ ရွာပေါင်း (၂၀၀) သို့သွားရောက်၍ အသိပညာပေးမည်

Internet-1O1-Van-in-Thongwa-Township-Yangon-on-29-October-2019_1_Credit-to-Facebook.jpg

Facebook နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းစီစဉ်ထားသည့် ဗန်ကားနှစ်စီးသည် ပြည်သူများ အွန်လိုင်းကို  အန္တရာယ်ကင်းစွာ  အသုံးပြုနိုင်ရန်နှင့် အသိပညာ၊  ဗဟုသုတ ပြည့်ဝသည့် ဒစ်ဂျစ်တယ် နိုင်ငံသားများ ဖြစ်လာစေရန် ပညာပေးရာတွင် အထောက်အပံ့  ဖြစ်စေရန် ရက်ပေါင်း (၁၀၀) အတွင်း မြန်မာ နိုင်ငံရှိ ရွာပေါင်း (၂၀၀) ကျော်သို့ လှည့်လည်သွားလာမည် ဖြစ်သည်။ Facebook နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ယခုကဲ့သို့ ရက်ပေါင်း (၁၀၀) အတွင်းတွင် မြန်မာနိုင်ငံ အတွင်းရှိ သွားလာရခက်ခဲသော ဝေးလံခေါင်သီသည့် ဒေသများ အထူးသဖြင့် ကျေးလက်ဒေသများရှိ ရွာပေါင်း (၂၀၀) ကျော်သို့ သွားလာ၍ တစ်ရက်လျင် လူပေါင်း (၁,၀၀၀) အား အသိပညာပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

“Internet 1O1” (Internet One on One) အစီအစဉ်ကို မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်းက စတင်ခဲ့ရာ ကမ္ဘာတစ်ဝန်း အဆိုပါ အစီအစဉ် ပထမဦးဆုံး စတင်မိတ်ဆက်သည့်နိုင်ငံ ဖြစ်ခဲ့ပါသည်။ “Internet 1O1”သည် တစ်ဦးချင်းသို့ မျှဝေသော သင်တန်းမှတစ်ဆင့် အင်တာနက်နှင့် ပတ်သက်ပြီး အဓိကသိရမည့် အကြောင်းအရာ များကို ဖြန့်ဝေပေးလျက် ရှိပါသည်။ အသိပညာပေး ဗန်ကားများဖြင့် အင်တာနက် ပထမဦးဆုံးအကြိမ် စတင်အသုံးပြုသူများကို အကောင့်လျှို့ဝှက်ကုဒ် လုံခြုံရေးနှင့် အင်တာနက်မှရရှိနိုင်သည့် အကျိုးကျေးဇူးများ (ဥပမာ – သူငယ်ချင်း၊ မိသားစုများနှင့် အဆက်အသွယ် မပြတ်အောင်နေခြင်းနှင့် အလုပ်ရှာခြင်း) စသည့် အကြံပြုချက်များပါရှိသည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် အင်တာနက်အကြောင်း သိရှိနားလည်ကြစေရန် သင်ကြားပြသနိုင်ရေး ရည်ရွယ်ထားပါသည်။

ဗန်ကားပေါ်ရှိ နည်းပြများက ဒစ်ဂျစ်တယ် သိနားလည်မှုရှိစေရေးအတွက် အများပြည်သူအား အသိပညာ ပေးရာတွင် ကူညီသင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အပြင် ဖုန်းအတွင်းရှိ အက်ပလီကေးရှင်းများ အဆင့်မြှင့်တင်ပေးရန်နှင့် ယူနီကုဒ် ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီပေးရန် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၁. ဒစ်ဂျစ်တယ်ဗဟုသုတတိုးပွားစေရန် အသိပညာပေးခြင်း
၂. အက်ပလီကေးရှင်း အဆင့်မြှင့်တင်ပေးခြင်း
၃. ယူနီကုဒ် ပြောင်းလဲအသုံးပြုနိုင်ရေး ကူညီပေးခြင်း

ဒစ်ဂျစ်တယ်ဗဟုသုတ သိရှိနားလည်မှု နည်းပါးနေခြင်းမှာ မြန်မာနိုင်ငံတွင် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နိုင်ရေးအတွက် အကြီးမားဆုံး အဟန့်အတားများအတွင်း တစ်ခုအပါအဝင် ဖြစ်နေပါသည်။ ယခု စတင်လိုက်သည့် ကနဦး လှုပ်ရှားမှုမှတစ်ဆင့် ပြည်သူများမှာ စနစ်တကျ လေ့ကျင့်သင်ကြားထားသည့် ကျွမ်းကျင်သူများထံ အင်တာနက် အကြောင်းနှင့် အင်တာနက်ကို တာဝန်သိစွာအသုံးပြုပုံနှင့် ပတ်သက်သည့် အကြောင်းအရာ များကို မေးမြန်းဆွေးနွေးနိုင်မည် ဖြစ်ပါသည်။

အဆိုပါ ဒစ်ဂျစ်တယ် အသိပညာပေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ အူရီဒူးအမှတ်တံဆိပ် အရောင်းဆိုင်များတွင် သင်တန်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် သိနားလည်မှုဆိုင်ရာ အသိပညာပေး အစီအစဉ် စတင်ခဲ့သည့် ဇွန်လမှ စက်တင်ဘာလအတွင်း လူပေါင်း (၃၀၀,၀၀၀) ကျော်အတွက် အသိပညာ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။

“GSMA Intelligence က ဖော်ပြထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူပေါင်း (၂၁) သန်းနီးပါး အင်တာနက်သုံးစွဲ နေကြပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် တိုးတက်ပြောင်းလဲမှုက အရမ်းကို မြန်ဆန်ခဲ့ ပါတယ်။ ပြည်သူတွေကြားမှာ အင်တာနက်ကို အသိပညာ ဗဟုသုတအပြည့်နဲ့ ဘေးကင်းလုံခြုံမှုရှိရှိ အသုံးပြု နိုင်အောင် ဒစ်ဂျစ်တယ် သိနားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အူရီဒူးမြန်မာက Facebook နဲ့ ပူးပေါင်းပြီး ပြည်သူတွေအတွက် ပိုမို ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝတွေ ဖန်တီးပေးနိုင်အောင် ရောက်ဖို့ခက်ခဲတဲ့ ကျေးလက်ဒေသတွေအထိ ဒစ်ဂျစ်တယ် အသိပညာတွေ ပျံ့နှံ့ရောက်ရှိနိုင်အောင် ဆောင်ရွက်နေတာပါ။ ဒီနေ့ စတင်ထွက်ခွာတော့မယ့် ဗန်ကားနှစ်စီးနဲ့ ပိုပြီး များသည်ထက်များတဲ့ ပြည်သူ တွေကို ဘေးကင်းလုံခြုံပြီး အပြုသဘောဆောင်တဲ့ အင်တာနက် သုံးစွဲမှုဆိုင်ရာ အတွေ့အကြုံတွေ ရလာ အောင် အသိပညာ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ် က ပြောသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top