မင်းသား လီဂျွန်နဲ့ မင်းသမီး ဂျန်ဆိုမင်တို့ ချစ်သူဖြစ်နေတယ်လို့ အတည်ပြု

jung-so-min_1468853750_1000__1468816611-68-org.jpg

တောင်ကိုရီးယား မင်းသား လီဂျွန် ဟာ သူနဲ့အတူ ‘Father is Strange’ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဂျန်ဆိုမင် နဲ့ချစ်သူတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဂျင်ဆိုမင် ရဲ့ အန်တာတိန်းမန့်ဖြစ်တဲ့ Jellyfish က “ မင်းသားလီဂျွန်ဟာ ဂျင်ဆိုမင်နဲ့ Father is Strange, ဇတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး ဂျင်ဆိုမင် နဲ့ ပထမဆုံး တွေဆုံခဲ့တယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ချစ်သူတွေ ဖြစ်ခဲ့တယ်။ “လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် မင်းသား လီဂျွန်ရဲ့အေဂျင်စီက လီဂျွန်ဟာ လက်ရှီအချိန်မှာ မင်းသမီး ဂျန်ဆိုမင်နဲ့ ချစ်သူတွေ ဖြစ်နေတယ်။၊ သူတို့ နှစ်ဦးဟာ အောက်တိုဘာတည်းက ချစ်သူတွေ ဖြစ်နေခဲ့တယ်။ လက်ရှိမှတော့ တစ်ဦးကို တစ်ဦး ကူညီ ထောက်ပံပေးတာတွေ လုပ်နေတယ်။ လီဂျွန်ဟာ အကောင်းဆုံးတွေ လုပ်ဆောင်နိုင်ဖို့ အနားယူမှုတွေ လုပ်နေတယ်။ “လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မင်းသားလီဂျွန်နဲ့ မင်းသမီး ဂျန်ဆိုမင်တို့ ပျော်ရွင်စေဖို့ ဆန္ဒပြတယ်လို့ အေဂျင်စီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မင်းသမီး ဂျန်ဆိုမင် ဟာ Romantic Comedy Queen” ဇတ်ကားမှာ သူမရဲ့ သရုပ်ဆောင် အရည်အသွေးကို ပြသနိုင်ခဲ့သလို မင်းသား လီဂျွန်မှာလည်း ပြီးခဲ့တဲ့ ဇာတ်လမ်းတွေ မှာ မင်းသား တစ်ဦးအဖြစ် အသိမှတ်ပြု ခံခဲ့ရပါတယ်။

Ref : Soompi : “Father Is Strange” Co-Stars Lee Joon And Jung So Min Confirmed To Be Dating

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top