အာဆင်နယ်နည်းပြ ဝင်းဂါး သုံးပွဲပယ်ပြစ်ဒဏ် နဲ့အတူ ငွေဒဏ် ရိုက်ခံရ

47A9BE3700000578-5239443-image-a-92_1515167835721.jpg

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးဟာ သုံးပွဲပယ်ပြစ်ဒဏ် နဲ့အတူ ပေါင် ၄ သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

နည်းပြဝင်းဂါးဟာ ဝက်ဘရွန်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီးများအပေါ် ပြစ်တင်ဝေဖန်မူများပြုလုပ်ခဲ့တာကြောင့် အခုလိုမျိုး ပွဲပယ် ပြစ်ဒဏ် နဲ့ငွေဒဏ်အရိုက်ခံရတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဘရွန်းတို့ ကစားခဲ့တဲ့ တနင်္ဂနွေ့နေ့က ပရီးမီယားလိဂ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းက ဝက်စ်ဘရွန်း ကိုနောက်ကျပယ်နယ်တီပေးခဲ့မှုအပေါ် နည်းပြ ဝင်းဂါးက မကျေနပ်တာကြောင့်ဝေဖန်မူများပြုလုပ်ခဲ့ပြီး သူ့ရဲ့စကားလုံး အသုံးအနှုန်း ကြမ်းတမ်းခဲ့တာနဲ့ မဖွယ်မရာ အပြုအမူ လုပ်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။ အက်ဖ်အေက “ ဝင်းဂါးကို သူရဲ့ အပြုမှုတွေနဲ့ ပတ်သက်လို့ စွဲချက်တင်ခဲ့ပြီးသုံးပွဲပယ် ပြစ်ဒဏ် ပေးခဲ့တယ်၊ လွတ်လပ်တဲ့ စည်းကမ်း ထိန်းသိမ်းရေးကော်မရှင်က ပွဲ တာဝန်ရှိသူတွေအပေါ် နည်းပြဝင်းဂါး ဆဲဆို ဝေဖန်မူတွေနဲ့ အပြုအမူဆိုးတွေနဲ့ပတ်သက်လို့ ကြားနာခဲ့တယ် “ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာဆင်နယ် နည်းပြ ဝင်းဂါး ဟာ နော်တင်ဖောရက်စ်နဲ့ အက်ဖ်အေဖလားပွဲမှာလည်း အသင်းကို ကြီးကြပ်ခွင့်မရခဲ့ဘဲ ၁၁ ရက်နေ့မှာကန်မယ့် ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား၊ ၁၄ ရက်နေ့မှာကန်မယ့် ဘုန်းမောက် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာလည်း အသင်းကိုတာဝန်ယူခွင့်ရမှာမဟုတ်ပါဘူး။

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top