တရုတ်လူမှုကွန်ယက်မှာ လူပြောများနေတဲ့ နာမည်ကြီးတရုတ်မင်းသမီးရဲ့ငယ်ဘဝဓာတ်ပုံတချို့

26.1.24-yyl-9.jpg

တရုတ်နိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော Dilraba Dilmurat ဟာဆိုရင် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားကြောင့်လည်း နာမည်ကြီးပါတယ်။ သူ့ရဲ့ကြွေလိုအသားရည်နဲ့လှပတဲ့အသွင်အပြင်ကြောင့် အသက် ၃၁ နှစ်အရွယ် Dilraba ဟာ အလှဘုရင်မ ၄ ဦးထဲက တစ်ဦးအဖြစ် တင်စားခေါ်ဝေါ်ခံထားရပါတယ်။

မကြာသေးခင်က သူ့ရဲ့ငယ်ဘဝဓာတ်ပုံတွေကို လူမှုကွန်ယက်အသုံးပြုသူတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူဟာ ကလေးဘဝကတည်းက လှပတဲ့သူတစ်ယောက်ပါ။ အရုပ်လေးတစ်ရုပ်လိုပါပဲ။ မကြာခင်မှာပဲ အဲ့ဒီငယ်ဘဝဓာတ်ပုံတွေကြောင့် တရုတ်လူမှုကွန်ယက် Weibo မှာ သူ့ရဲ့ရုပ်ရည်အသွင်အပြင်က လူပြောစရာအကြောင်းအရာဖြစ်လာခဲ့ပါတယ်။

“ပလပ်စတစ်ဆာဂျရီမလုပ်ထားဘူး”၊ “ကြယ်ပွင့်ဖြစ်ဖို့ မွေးဖွားလာသူ”၊ “သူ့ကို ပွေ့ဖက်ချင်စိတ်ကို မရပ်တန့်နိုင်တော့ဘူး”စတဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Dilraba ကို မြန်မာပရိသတ်တွေက “မောင့်ချစ်သည်းဧကရီ”၊ “မီးလျှံနတ်သမီး”၊ “တထောင့်တညအိပ်မက်လှလှ”၊ “အဆုံးမဲ့ချစ်ခြင်းဒဏ္ဍာရီ”၊ “လျှို့ဝှက်ခြင်းတေးသွား”၊ “ကြယ်ပင်လယ်ရဲ့ချစ်ပုံပြင်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ သိကြပါတယ်။

Ref: Childhood Pics Of Chinese Actress Dilireba Show She Was Gorgeous Even As A Kid

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top