လက်စ်ဗီးဂတ်စ် ဂီတဖျော်ဖြေပွဲမှ ရရှိသမျှ အကျိုးအမြတ်ကို လှူဒါန်းမယ့် စလင်းဒီယွန်

ce.jpg

လက်ဗီးဂတ်စ်ရဲ့ စင်မြင့်ပေါ်ကို အဆိုတော် စလင်းဒီယွန် ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

အဂါၤနေ့ညက ပြုလုပ်ခဲ့တဲ့ ဂီတပွဲ မှာ သူမ ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ အဆိုပါ တင်ဆက်မှုကိုတော့ လက်စ်ဗီးဂတ်စ် ပစ်ခတ်မှုမှာ ထိခိုက်ခဲ့ရတဲ့သူတွေ အားလုံး ကို ရည်ရွယ် ပြုလုပ်တာပဲ ဖြစ်ပါတယ်။

#VegasStrong  ဆိုတဲ့ စာသားကို နောက်ခံ စခရင်မှာ စာတန်းထိုးထားခဲ့ပြီး စလင်းဒီယွန်က သူမအပြင် ပွဲစီစဉ်တဲ့ အေဂျင်စီ နဲ့ ထုတ်လုပ်သူတွေကအစ အဆိုပါ ဂီတ ပွဲကနေ ရရှိသမျှ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ့် အကြောင်း ကြေညာသွားခဲ့ပါတယ်။

သူမအနေနဲ့ ဒီနေ့ ရှိုးပွဲ ကို ပစ်ခတ်မှုမှာ ထိခိုက်ခံခဲ့ရတဲ့ သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ၊ ထိခိုက်ခံခဲ့ရသူတွေ အတွက် ကူညီန်ိုင်တဲ့ နေရာကနေ ပါဝင်ကူညီနေကြတဲ့ သူတွေ အားလုံးအတွက် ရည်ရွယ်ပါတယ် လို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် ထိခိုက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ဘက်မှာ သူမတို့ အတူတကွ ရပ်တည်နေတယ် ဆိုတာ ကို သိစေချင်တဲ့ အပြင် သူတို့ကို ရှေ့ဆက်ပြီးတော့လည်း ကူညီသွားမှာ ဖြစ်တယ်လို့ ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။  

လူပေါင်း ၅၀ကျော် သေဆုံးခဲ့ရပြီး လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ရတဲ့ ပစ်ခတ်မှုဖြစ်တာမို့ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံသား တွေအတွက် သွေးလန့်စရာ ဖြစ်ရပ်ဆိုးအဖြစ် ခံစားနေရဆဲ ဖြစ်နေမှာပါ။ အခုလို ကမ္ဘာကျော်အဆိုတော် တစ်ဦးရဲ့ သီဆိုအားပေးမှုနဲ့အတူ သူမရဲ့ မွန်မြတ်တဲ့ အားပေး ကူညီတတ်တဲ့ စိတ်ထားလေးကလည်း လေးစားစရာပါပဲ။
Ref: Entertainment Weekly: Celine Dion dedicates Las Vegas show to shooting victims, donates all proceeds
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top