Transformers ရုပ်ရှင်ရဲ့ spin-off ရုပ်ရှင် Bumblebee မှာ ပါဝင်သရုပ်ဆောင်မယ့် ဂျွန်စီနာ

jj.jpg

Transformers ရုပ်ရှင်တွေရဲ့ နောက်ထပ် ခြေလှမ်းအသစ်တစ်ခုကို စတင်လိုက်ပါပြီ။ ဒါကတော့ spin-off ရုပ်ရှင်အဖြစ် Bumblebee ကို ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလမှာ ရုံတင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီနေရာမှာ spin-off ရုပ်ရှင်ဆိုတာကို နည်းနည်းရှင်းပြပါရစေ။ spin-off ရုပ်ရှင်ဆိုတာ မူရင်းရုပ်ရှင်ရဲ့ ကမ္ဘာထဲမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ကားကိုပဲ ဆိုလိုတာပါ။ မူရင်းကားနဲ့ သက်ဆိုင်ကာ တည်ဆောက်ရိုက်ကူးထားပေမယ့် မူရင်းကားရဲ့ နောက်ဆက်တွဲအဆက်ကို ဆိုလိုတာတော့ မဟုတ်ပါဘူး။

အခု Transformers ရုပ်ရှင်ရဲ့ spin-off ဖြစ်တဲ့ Bumblebee ရုပ်ရှင်မှာ ဂျွန်စီနာက အဓိက သရုပ်ဆောင်တစ်ဦး အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒီရုပ်ရှင်ဟာ ၁၉၈၇ ခုနှစ်ဝန်းကျင်ကာလကို အခြေခံရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဂျွန်စီနာဟာ နာမည်ကျော် WWE နပန်းသမားအဖြစ်သာမက ရုပ်ရှင်သရုပ်ဆောင်ကောင်း တစ်ဦး အဖြစ်လည်း ရပ်တည်နေတာ ကြာခဲ့ပါပြီ။ Daddy’s Home, Sisters နဲ့ Trainwreck ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျွန်စီနာက အခု Bumblebee ရုပ်ရှင်မှာလဲ ဘယ်လို အကောင်းဆုံး သရုပ်ဆောင်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Ref: The Hollywood Reporter: John Cena Joins ‘Transformers’ Spinoff ‘Bumblebee’

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top