ကပ္ပတိန်ဂျက်စပဲရိုးလို ဝတ်ဆင်ပြီး ဆေးရုံက ကလေးတွေကို တွေ့ဆုံခဲ့တဲ့ ဂျွန်နီဒက်ပ်

23-6-2020-yyl-007.jpg

ပင်လယ်ဓားပြဂျက်စပဲရိုးအဖြစ် ပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ရတဲ့ မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ ဇာတ်ကောင်ဂျက်စပဲရိုး ပုံစံအတိုင်းဝတ်ဆင်ပြီး ကလေးဆေးရုံတစ်ခုက ကလေးတွေကို ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ သူဟာ ကပ်ရောဂါအတွင်းမှာ Queensland Children’s Hospital က လူနာတွေကို ဖျော်ဖြေတင်ဆက်ပေးဖို့အတွက် ဂျက်စပဲရိုးဇာတ်ကောင်လို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဂျွန်နီဒက်ပ်က Juiced TV နဲ့ပူးပေါင်းပြီး သူ သွားလည်ခဲ့တာကို ဆေးရုံကနေတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

အွန်လိုင်းကနေ ထုတ်လွှင့်နေတဲ့ Juiced TV မှာ ဂျွန်နီဒက်ပ်က “ဆေးရုံကို လာမလည်ဖြစ်တာ နှစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့ လွမ်းမိပါတယ်။ ကျွန်တော် ဟယ်လိုလို့ ပြောချင်ပါတယ်။ ဒါက အံ့သြလောက်စရာ ဝန်ဆောင်မှုတစ်ခုပါပဲ။ ကျွန်တော် ကလေးတွေအားလုံးနဲ့ အတူရှိနေပါတယ်။ ကျွန်တော် ကလေးတွေကို အချစ်တွေအားလုံးကို ပေးချင်ပါတယ် နှစ်တော်တော်ကြာတာတောင် ကျွန်တော်နဲ့အတူ ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ဆေးရုံက လူနာတွေဖြစ်တဲ့ ဂတ်ဘ်ဘီ အက်ရှာနဲ့ သောမတ်စ်တို့နဲ့အတူ ဂျွန်နီဒက်ပ်က မေးခွန်းတွေဖြေတာနဲ့ ဂိမ်းကစားတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ “ဒီညနေ့ခင်းမှာ ကျွန်တော်နဲ့အတူ စကားပြောဖြစ်ခဲ့တဲ့ ဒီချစ်စရာကလေးတွေနဲ့ ဗီဒီယိုပေးပို့ကြတဲ့ လူတွေဆီကနေ ကြားရတာက ကျွန်တော် တွေ့ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံတွေထဲက အကောင်းဆုံးတစ်ခုပါပဲ။ ဒီအစီအစဉ်မှာပါဝင်ကြတဲ့၊ အချင်းချင်းဂရုစိုက်ပေးကြတဲ့၊ ကူညီပေးကြတဲ့ သူတွေအားလုံးကြောင့်ပါပဲ” လို့လည်း ဂျွန်နီဒက်ပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂျွန်နီဒက်ပ်ဟာ ဆေးရုံက ဝန်ထမ်းတွေကိုလည်း ချီးမွမ်းစကားဆိုခဲ့ပါသေးတယ်။ “ဒီ virtual visit ကို အကောင်အထည်ဖော်ပေးတဲ့ လူတိုင်းကို ကျေးဇူးတင်ရပါမယ်။ အက်ရှာ၊ သောမတ်စ်၊ ဂတ်ဘ်ဘီတို့ကို တွေ့ခွင့်ရခဲ့ပြီး ဒီနေရာမှာ ရှိနေခဲ့ရပါတယ်။ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေအားလုံး တော်ကြပါတယ်။ သေချာပေါက်ကို ဟီးရိုးတွေပါပဲ”လို့ ဆိုပါတယ်။

ဂျွန်နီဒက်ပ် လိုင်းပေါ်ကနေ ဆင်းမသွားခင်မှာ “ကလေးတွေနဲ့ ရှိခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့လည်း ပြောသွားခဲ့ပါတယ်။ ဂျွန်နီဒက်ပ်က သူ့သမီးလေး နေမကောင်းဖြစ်တုန်းက ဆေးရုံတက်ဖူးခဲ့ပါတယ်။ အဲဒီနောက်မှာ ကလေးဆေးရုံတွေကို လာလည်ဖြစ်ခဲ့ပြီး သွားလည်ရတာက ပိုပိုပြီး အရေးကြီးလာခဲ့ပါတယ်။ ဆေးရုံက ကလေးတွေက အရမ်းသတ္တိရှိကြတဲ့အတွက် မိဘတွေအတွက် အပြုံးတွေ သယ်ဆောင်လာနိုင်ပေးတာက သူ့အတွက် ကမ္ဘာ့ပေါ်မှာရှိတဲ့အရာအားလုံးပါပဲလို့ ဂျွန်နီဒက်ပ်က မှတ်ယူထားတာဖြစ်ပါတယ်။

ဗီဒီယို

Ref: Johnny Depp dresses up as Captain Jack Sparrow for virtual visit to children’s hospital

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top