သင် မသိသေးတဲ့ ရက်လွန်ရက်စွဲပါသောပစ္စည်းများ

yyl-033-11.jpg

ကျွန်တော်တို့သုံးနေတဲ့တချို့ပစ္စည်းတွေက ဘယ်နေ့နောက်ဆုံးအသုံးပြုရမလဲဆိုတာကို ရေးထားတဲ့ရက်လွန်ရက်စွဲတွေ မပါကြပါဘူး။ တကယ်တော့ ရိုက်နှိပ်ထားတဲ့၊ ရေးသားထားတဲ့ စာကြောင်းမပါပေမယ့်လည်း ရက်လွန်ရက်စွဲရှိကြပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ သိရှိစေဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။

ကားထိုင်ခုံများ

ကားထိုင်ခုံတစ်ခုက သင့်ဘဝနဲ့ သင့်ကလေးရဲ့ဘဝအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကားထိုင်ခုံကိုမှန်ကန်စွာ တပ်ဆင်ဖို့လိုအပ်ပြီး ရက်လွန်ရက်စွဲမကုန်ခင် အသစ်လဲသင့်ပါတယ်။ ကားထိုင်ခုံတိုင်းက ရက်လွန်ရက်စွဲပါပြီး ထိုင်ခုံရဲ့အောက်ခြေမှာ အမြဲလိုလိုရိုက်နှိပ်ထားပါတယ်။ ကားထိုင်ခုံကြာရှည်ခံမှုက ထုတ်လုပ်တဲ့ရက်စွဲနဲ့ အမျိုးအစားအရပြောင်းလဲပါတယ်။ တချို့ထိုင်ခုံတံဆိပ်အမျိုးအစားတွေက ခြောက်နှစ် (ဒါမှမဟုတ်) ဆယ်နှစ်အထိဖြစ်ပါတယ်။

မော်တာဆီ

မော်တာဆီရောင်းနေတာမြင်လို့ အများကြီးဝယ်တော့မယ်ဆိုရင် ဆီက ငါးနှစ်သာခံမယ်ဆိုတာကို သိထားသင့်ပါတယ်။ ရက်လွန်တဲ့မော်တာဆီက သင့်ရဲ့စက်ပစ္စည်းတွေကို လုပ်ဆောင်မှုတွနှောင်းနှေးသွားစေပါတယ်။

နေကာမျက်မှန်

နေကာမျက်မှန်တွေမှာ ရက်လွန်ရက်စွဲပါပြီး ရက်စွဲကိုသေးသေးလေး ရိုက်နှိပ်ထားပါတယ်။ နေကာမျက်မှန်က ကင်ဆာဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့အတွက် အကြာကြီးမသုံးသင့်ပါဘူး။ ရက်လွန်သွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်မှု နည်းသွားမှာဖြစ်ပါတယ်။

မျက်တောင်ကော့ဆေး

မျက်တောင်ကော့ဆေးကို ဖွင့်သုံးပြီး သုံးလခန့်မှာ လွှင့်ပစ်ရမယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ မျက်တောင်ကော့ဆေးက သင့်မျက်လုံးနားမှာ အသုံးပြုရတဲ့အတွက် ရက်လွန်ရက်စွဲက အရမ်းအရေးကြီးပါတယ်။ သုံးလမတိုင်ခင်ခြောက်သွားရင် ဘာပဲဖြစ်ဖြစ်လွှင့်ပစ်ပါ။ ရေနှင့်စိုအောင်လုပ်တာ၊ lotion နဲ့ စိုလာအောင်လုပ်ပြီး သုံးဖို့ကြိုးစားတာက ဘက်တီးရီးယားပိုးတွေ ပိုပြီးဝင်လာစေပါလိမ့်မယ်။ ဒါကြောင့် သုံးလကြာပြီးနောက် (ဒါမှမဟုတ်) ခြောက်သွားမယ်ဆိုရင် လွှင့်ပစ်လိုက်ဖို့မမေ့ပါနဲ့။

အာကစားဖိနပ်

အားကစားဖိနပ်ကလည်း ပြေးတာများလာလေလေ အဲဒီဖိနပ်ကို လွှတ်ပစ်ရလေလေပါပဲ၊ ဖိနပ်ကူရှင်က ပါးသွားလေလေ အပြေးလေကျင့်ဖို့၊ စီးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဖိနပ်ကူရှင်ပါးသွားရင် သင့်ကို အထိခိုက်ဖြစ်နိုင်ခြေများလာပါတယ်။ ဖိနပ်ထုတ်လုပ်တဲ့အများစုက မိုင် (၃၀၀) ကနေ (၆၀၀) အထိပြေးပြီးသွားရင် နောက်ထပ်ဖိနပ်တစ်ရံအစားထိုးဖို့ အကြံပြုထားပါတယ်။ သင် ဖိနပ်စီးရတာ ဘယ်လိုနေလဲဆိုတာ အာရုံစိုက်တာပါ။ စီးရတာအဆင်မပြေတော့ဘူးလို့ ခံစားရရင်
အသစ်တစ်ရံသာလဲလိုက်သင့်ပါတယ်။

Ref: Things You Never Knew Had an Expiration Date

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top