သွေဖိအားနည်းတဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းများ

yyl-027-13.jpg

သွေးတိုးသလိုပဲ သွေးဖိအားနည်းတာကလည်း အဖြစ်များတဲ့ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ သွေးဖိအားနည်းတာက နှလုံး၊ ဦးနှောက်နဲ့ အခြားအဓိကအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုလျော့နည်းသွားတာဖြစ်ပြီး မူးဝေတာ၊ မအီမသာဖြစ်တာ၊ ခေါင်းနောက်တာတွေဖြစ်လာစေနိုင်ပါတယ်။

တချို့ကိစ္စတွေမှာ သွေးဖိအားနည်းတာက ပုံမှန်ဖြစ်ပြီး ဘာလက္ခဏာမှမပြတာလည်းရှိပါတယ်။ သွေးဖိအားနည်းတာကို လျစ်လျူရှုထားမယ်ဆိုရင် ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်အားနည်းတာတွေလို ပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ သွေးဖိအားနည်းတာကို ဖြေရှင်းဖို့အတွက် အိမ်တွင်းနည်းလမ်းတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

ဆားရည်

ဆားက သင့်ခန္ဓာကိုယ်လုပ်ဆောင်ချက်ကို သက်တောင့်သက်သာဖြစ်စေတဲ့နေရာမှာ အရေးကြီးပါတယ်။ သွေးစီးဆင်းနိုင်မှုပမာဏကိုညီမျှအောင်လုပ်ပေးသလို သွေးဖိအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ ဆားအများကြီးစားသုံးတာက အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ သွေးဖိအားနည်းတဲ့ပြဿနာကို ခံစားရရင် ဆားကို ပိုပြီးစားသုံးပေးရပါတယ်။ ဒါကြောင့် မူးဝေ၊ အော့အန်ချင်တာမျိုးဖြစ်လာရင် ဆားရည်ကို သောက်ပေးပါ။ ဖန်ခွက်ခဲကို ဆား (လက်ဖက်ရည်ဇွန်းတစ်ဇွန်း) ထည့်ပြီး ရောမွှေကာ သောက်သုံးပေးပါ။ ဒီအရည်က သွေးဖိအားနည်းသွားတဲ့အခါ သွေးကို ညှိပေးဖို့ ကူညီပေးပါတယ်။

ရို့စ်မေရီဆီ

ရို့စ်မေရီအဆီက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပြီး သွေးဖိအားနည်းတာကို ကုသပေးတဲ့နေရာမှာ ထိရောက်တဲ့ ကန်ဖော (Camphor) ပရုတ်ဓာတ်ပါဝင်ပါတယ်။ ဒီအဆီက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် ကောင်းတဲ့အပြင် သွေးလည်ပတ်မှုကို တိုးမြှင့်ပေးပါတယ်။ သွေးဖိအားပမာဏကို ထိန်းညှိဖို့အတွက် ရို့စ်မေရီအဆီကို လက်ဖဝါးထဲထည့်ပြီး ပွတ်ကာ ရှုပေးလို့ရပါတယ်။

ကော်ဖီသောက်ပေးပါ

လက်ဖက်ရည်၊ ကော်ဖီသောက်ပေးတာက နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး သွေးဖိအားနည်းတဲ့သူတွေ သွေးဖိအားတိုးလာနိုင်ပါတယ်။ သွေးဖိအားနည်းသလို ခံစားရရင် အဲဒါတွေကို သောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီက သွေးဖိအားကို အချိန်အနည်းငယ်လေးပဲ ထိန်းညှိပေးထားနိုင်ပါတယ်။

စပျစ်သီးခြောက်

စပျစ်သီးခြောက်ကလည်း ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပါတယ်။ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးဖိအားနည်းတဲ့သူတွေ စားပေးသင့်ပါတယ်။ သင်က သွေးဖိအားနည်းတဲ့ပြဿနာကို ခံစားရရင် စပျစ်သီးခြောက်အနည်းငယ်ကို တစ်ညလုံးရေထဲစိပ်ထားပြီး မနက်ကျ နွားနို့နဲ့ ချက်ကာ သောက်သုံးပေးပါ။

ပင်စိမ်းရွက်

ပင်စိမ်းရွက် (၄-၅) ရွက်ဝါးစားတာကလည်း သွေးဖိအားနည်းတဲ့လက္ခဏာရပ်တွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ပင်စိမ်းရွက်က ပိုတတ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီတွေပါဝင်ပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရောပမာဏကို ထိန်းညှိပေးတဲ့ အန်တီအောက်စီဒန့် ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။

Ref:home remedies to deal with the problem of low blood pressure

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top